Taehyung ငိုချင်သလိုလိုရီချင်သလိုလိုနှင့် ငိုရအောင်လည်း မျက်ရည်မထွက်သလို ရယ်ရအောင်လည်း ဒီလိုအခြေအနေမှာ ရယ်နေရလောက်တယ့်အထိတော့ သူရှက်သည်
ထိုအရာကို သတိထားမိတယ့် Jungkook ကတော့နီရဲနေတယ့် ပါးလူံးလုံးလေးတွေကို နမ်းပစ်လိုက်ချင်စိတ်သာ တဖွားဖွားပေါ်နေသည်
"ဘာတွေငူငိုင်နေတာလဲကိုကို သွားမယ်လေ"
Jungkookie က သူ့ပုခုံးကိုဆုပ်ကိုင်လိုက်မှ သတိဝင်လာတာကြောင့် Taehyung သူ့ပုံစံကို မမြင်ခဲ့လောက်ပါဘူးဟု ဖြည့်တွေးကာ Jungkookie နောက်ကို လိုက်လာခဲ့သည်
"ကိုကို.."
"အော.."
"မောင့်ကို စိတ်ဆိုးနေတုန်းလားဟင်"
"အဟမ်း..နည်းနည်းပါဘဲ"
"မောင် ဘာလုပ်ပေးရမလဲဟင်"
ခုချိန်ကျတော့လဲ နေ့ခင်းက တွေ့ခဲ့တဲ့ Jungkook နဲ့လားလားမှမသက်ဆိုင်စွာ မျက်ရည်လေးတွေရစ်ဝဲနေတယ့် မျက်လုံးဝိုင်းဝိုင်းလေးတွေက အသဲယားစေမိပြန်သည်
"ကိုကိုက စတာပါ စိတ်မဆိုးတော့ဘူးနော်"
Taehyung အသဲယားစွာ Jungkookie ရယ့် ပါးဖောင်းဖောင်းလေးအား အသာအယာဆွဲဖျစ်ရင်း ပြောလိုက်တော့ ယုန်သွားလေးတွေပေါ်သည်အထိရီပြလာတယ့် ပေါက်စ
"မင်းကတော့ လူကိုအမြဲချစ်ဖို့ကောင်းအောင် လုပ်ပြနေတော့တာပဲ"
အုန်းမွှေးလုံးခေါင်းလေးအား ဖွလိုက်ပြီး မနေနိုင်စွာ ပါးဖောင်းဖောင်းလေးအား အနမ်းပေးလိုက်တော့ မျက်နှာလေး နီရဲတက်လာတဲ့ Jungkookie
နှစ်ယောက်လုံးဗိုက်ဆာေနတာေကြာင့်အနီးနားရှိ ခေါက်ဆွဲဆိုင်ကိုသာ ဝင်စားလိုက်သည်
ဆောင်းဝင်တော့မည်ဖြစ်တာကြောင့် မြောက်လေတွေဟာ စတင်ကျီစယ်တိုက်ခိုက်
နေပြီဖြစ်ကာ နည်းနည်းအေးစိမ့်လာပြီဖြစ်ပေမယ့် Taehyung တို့နှစ်ယောက်လုံးဟာ
စားထားတယ့် အရှိန်ကြောင့် ချွေးစလေးတွေပင်ထွက်နေသေးသည်"ဟိုမှာ ထိုင်ရအောင်"
"ဟုတ်ကိုကို"
လွတ်နေတယ့် ခုံတန်းလေးကိုတွေ့တာနဲ့ လမ်းလျှောက်လာရတာ ညောင်းနေပြီဖြစ်တာကြောင့် အပြေးအလွှားပင်ဝင်ထိုင်တော့ Jungkookie က အအေးဘူးလေးတွေကိုင်ကာ သူ့နားမှာ ဝင်ထိုင်သည်