"ဟျောင်း ဘယ်လိုရောက်လာတာလဲ"
ထယ်ယောင်း စာမေးပွဲနီးနေပြီမို့ စာကြည့်တိုက်ထဲမှာ စာလုပ်နေတုန်း ဘေးနားကို Jin Hyung က လာထိုင်တာကြောင့် ထယ်ယောင်း အံ့ဩမိသည်။
စာကြည့်တိုက်က နောက် ဆယ့်ငါးမိနစ်လောက်ကြာရင်ပိတ်တော့မှာပင်။
ထယ်ယောင်းကိုယ်တိုင်လဲ အကုန်လက်စသတ်နေရသည်လေ။"ဂျောင်ဂု အကြောင်းပြောမလို့..."
ခပ်တိုးတိုးပြောလာတဲ့ ဟျောင်းကြောင့် ထယ်ယောင်းခေါင်းငြိမ့်ပြလိုက်သည်။
"ဒီနေ့...သူ ကျောင်းမလာဘူးလေ ဟျောင်း"
"ဟုတ်တယ် သူက သူ့သူငယ်ချင်းတွေနဲ့ သွားစရာရှိတယ်ဆိုပြီး မနေ့ညတည်းက ထွက်သွားတာ ခုထိပြန်မလာသေးဘူး"
"ဗျာ..."
အနည်းငယ်စိုးထိတ်ပုံရသွားသည့် ထယ်ယောင်းကြောင့် Jin ကိုယ်တိုင်ပင် ထယ်ယောင်းကို စာကြည့်တိုက်အပြင်ဘက်ကို ခေါ်ထုတ်လာရသည်။
"ကျွန်တော့်ကိုတော့ သူ နေမကောင်းလို့ဆိုပြီး စာပို့ထားတယ်..."
"မနက်ဖြန် သူ့မွေးနေ့လေ"
ဂျင်ဟျောင်းက လမ်းလျှောက်ရင်း ပြောလာသည်။
ဘုရားရေ...သူမေ့သွားတယ်
ထယ်ယောင်းရဲ့ တိတ်ဆိတ်မှုကို သတိထားမိသည်ထင်၏။
စကားဆက်လာသည်။
"သူက နှစ်တိုင်း..မွေးနေ့နားနီးရင် မြို့ပြင်က အိမ်မှာ တစ်ယောက်တည်းနေတတ်တယ်..သူ့အဖေရဲ့အိမ်လေ"
မောင့်အဖေတဲ့လား..မောင့်မှာ အမေဘဲရှိတာလို့သူသိထားတာပါ...
"သူ့အဖေက သူ့ရဲ့ ဆယ်ငါးနှစ်ပြည့်မွေးနေ့မှာ နှလုံးဖောက်ပြီးဆုံးသွားတာ"
"အို..."
ထယ်ယောင်းရဲ့ အာမေဋိတ်သံမှာ မယုံနိုင်ခြင်း၊သနားစာနာခြင်းတွေပါဝင်နေပါသည်။
ထယ်ယောင်းသဘောပေါက်သည်။ ဟျောင်းရဲ့စကားအရ ထယ်ယောင်း မောင့်ရဲ့အနောက်ကို လိုက်သွားသင့်သည်။
"ကျွန်တော့်ကို အိမ်လိပ်စာလေးပေးပါဟျောင်း"
"အကို လိုက်ပို့ပါ့မယ် ထယ်ယောင်းအိမ်ကရော..အဆင်ပြေပါ့မလား"