🕔🕔🕔
" ဒေါက်ဒေါက်ဒေါက် ညွှန်းဖွဲ့ရာ "
" ညွှန်းဖွဲ့ရာ "
နားထဲ ဝင်လာတဲ့ ခေါ်သံကြောင့် ရာရာ ကမန်းကတန်းထလိုက်သည်။
" ရှင် "
" မျက်နှာသစ် ရေချိုးပြီးရင် မီးဖိုချောင်ထဲလာခဲ့ "
ရာရာ သေချာမျက်လုံးဖွင့်ကြည့်မှ ကိုယ့်အိမ်မဟုတ်မှန်းသိလိုက်သည်။
" ဟုတ်ဟုတ် လာခဲ့မယ်နော် "
အိပ်ချင်မူးတူးနဲ့ထလိုက်ပြီး နာရီကြည့်လိုက်တော့ မနက် ၅နာရီ။သွားတိုက်ဆေးကိုယူ သွားတိုက်တံကိုယူပြီးရေချိုးခန်းထဲဝင်လာလိုက်သည်။
ရေချိုးပြီး အိမ်ကယူလာတဲ့ ရွှေပြည်နန်း နံ့သာဖြူရနံ့ သနပ်ခါးကို လက်ပေါ်မှာတင် ရေလေးနည်းနည်းထည့်ပြီး မှန်ကြည့်ကာ အဆင်ပြေသလိုလိမ်းလိုက်သည်။ ပါးကွက်ကြားလေးပါကွက်လိုက်သည်။
အိမ်မှာနေရင် သနပ်ခါးမလူးတတ်တဲ့ ရာရာက ဒီအိမ်ရောက်မှဘဲ သေချာလိမ်းနေတော့သည်။
ပခုံးကျော်ကျော်လောက်ရှိတဲ့ဆံပင်ကို ညှပ်ကလစ်နဲ့တင်ပြီးအပြင်ကိုထွက်လာခဲ့သည်။
" အန်တီ "
" လာလာ အပေါ်တက်ရအောင်"
" ဟုတ် "
အပေါ်ထပ်တက်ပြီး အန်တီကြီးနောက်ကလိုက်သွားရသည်။
ဘုရားခန်းထဲရောက်တော့
" ဒီပန်းအိုးတွေကို ဝရံတာကိုလာပို့ပေးနော် "
"ဟုတ်အန်တီ "
အန်တီကြီးက ဝရံတာ တံခါးဖွင့်ပြီး ဘေစင်နားမှာစောင့်နေသည်။
သူဌေးတွေအိမ်မှန်းပြောစရာမလိုအောင် အလိုတော်ပြည့်ဘုရားဆင်းတုတော်ကြီးကလဲ ရွှေတဝင်းဝင်း
သဇင်ပန်း သစ်ခွပန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကပ်ထားတဲ့ ပန်းအိုးတွေကလဲ ကြွေထည်တွေ
ရာရာရုတ်တရက် အိမ်က ကြေးနီရောင်သန်းနေတဲ့ ဘုရားဆင်းတုလေးကို သွားသတိရမိသည်။
ရာရာ့အတွေးထဲ အိမ်ကဘုရားဆင်းတုတော်ကို ရွှေချဖို့စိတ်ကူးထားလိုက်သည်။
![](https://img.wattpad.com/cover/364311461-288-k539996.jpg)