Part (5)

207 36 18
                                    

ဒီနေ့ တစ်နေရာရာကို မဖြစ်မနေသွားရမှာမို့ ခေါင်းဆောင်ဖြစ်သူကို ခွင့်တောင်းကာ Soonyoung အိမ်ပြန်လာခဲ့သည်။

အိမ်ရောက်တော့ Soonyoung အဝတ်ဗီဒိုထဲက သော့တွဲအားယူကာ သွားရမယ့် နေရာအတွက် ပြင်ဆင်ပြီးထွက်လာလိုက်သည်။

"Boxing Club ~ Keep Fighting"

ဆိုင်းဘုတ်လေးကို မြင်တော့ အရင်တုန်းက အချိန်လေးတွေကို သတိရမိသည်။ Weekends တွေမှာဖွင့်တဲ့ Soonyoung ရဲ့ Boxing သင်တန်းအပြီး အပြန်ဆို
အမေဖြစ်သူရဲ့ ကင်ချီစတူး က ထမင်းစားပွဲလေးမှာ
စောင့်နေမြဲဖြစ်သည်။

မိခင်ဖြစ်သူ နေမကောင်းဖြစ်မှန်းစသိကတည်းက ပိတ်ထားခဲ့တာမို့ အခုတော့ ရှင်းလင်းရေးလုပ်ရဦးမည်။

ကျွီ။တံခါးဖွင့်လိုက်တော့ ဖုန် အထပ်ထပ်နှင့် ကြမ်းပြင်အား မြင်လိုက်ရတော့ သန့်ရှင်းရေး မစခင် အလိုလို ပင်ပန်းလာတော့သည်။

Yesterday >>>>

"ဘယ်လောက်ပေးရမလဲ"

ပင်လယ်လှိုင်းပုတ်သံတွေကြားက အသံလေးတစ်သံထွက်လာခဲ့သည်။

သေချာနေပါပြီ။ ငါသူ့ကိုကယ်ခဲ့လို့ ဘယ်လောက်ပေးရမလဲလို့ မေးနေတာဘဲနေမှာ။ ဒါမှမဟုတ်ရင် ငါ့ရဲ့
ဒီနေ့တစ်ရက်စာ လုပ်အားခများလား။

မေးနေတာကို ပြန်မဖြေဘဲ ရပ်နေတဲ့ အနောက်ကကောင်လေး ရှိမှရှိသေးရဲ့လားဆိုတာ သိချင်လို့အနောက်ကို လှည့်ကြည့်လိုက်တော့ နားမလည်ဟန်နဲ့ သူ့ကို ကြည့်နေလေသည်။

စိတ်မရှည်လာတော့ဘဲ

"ငါ့ကို အဲ့ပညာတွေ သင်ပေးဖို့ မင်းကို ဘယ်လောက် ပေးရမလဲလို့"

နောက်တစ်ခေါက် အသံကျယ်ကျယ်နဲ့ မေးတော့မှ

ကောင်လေးခမျာ ပြာပြာတလဲဖြစ်တာ ရှေ့တိုးလာပြီး

"မလိုပါဘူးဗျ ဒါက Boss အတွက်ဆို ကျွန်တော်လုပ်ပေးရမယ့် အလုပ်လို့ဘဲ သဘောထားပါတယ်"

ဟူး။ တော်ပါသေးတယ်။ အခုမှဘဲ အလုံးကြီးကျသွားတော့တယ်။ Soonyoung စိတ်လိုလက်ရ ပြုံးပြီး
ပင်လယ်လေကို တဝကြီး ရှူရှိုက်လိုက်ပါတော့တယ်။

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon Where stories live. Discover now