Present -1 🎇

3K 148 7
                                    

အောက်ထပ်ဆီက ဆူဆူညံညံအသံကြောင့် မျက်လုံးမဖွင့်သေးသော်လည်း နိုးလာမိသည်။ မနေ့ညက ဘယ်အချိန်လောက်မှ သူအိပ်ရာဝင်ခဲ့လည်းမသိ။ မီးပုံးဗျံလွှတ်ပြီး မီလင်းဖိုရှေ့တွင် မိသားစုစုံစုံလင်လင်နှင့် စကားဝိုင်းဖွဲ့ခဲ့သေးသည်။

နောက်ကျမှ အိပ်ရာဝင်ခဲ့တာနှင့်တူ၏။ ခေါင်းထဲတွင် သိပ်ပြီးမကြည်လင်သလို။ အားယူပြီး မျက်လုံးဖွင့်ကြည့်သည့်အခါ မောင်က အေးအေးချမ်းချမ်းနှင့် အိပ်မောကျနေသည်။

မနေ့ညကထာဝရအိပ်စက်တော့မည်ဟု ထင်ထားခဲ့သော်လည်း ဒီနံနက်ကျတော့ သူချစ်ရသည့်လူသားရဲ့မျက်နှာကိုပြန်မြင်ရတာ အတိုင်းမသိပျော်ရွှင်သား၏။ဒီလိုအေးချမ်းစွာအိပ်ပျော်နေသည့် မောင့်မျက်နှာကို မမြင်ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ။

နံနက်ခင်း သူအိပ်ရာနိုးတိုင်း မောင်က သူ့ကိုတစိမ့်စိမ့်စိုက်ကြည့်နေတာ မြင်နေကျပင်။ မောင့်မျက်လုံးထဲမှာ ဝမ်းနည်းသည့်အခိုးအငွေ့တွေ သူ့ကိုကြည့်သည့်အကြည့်နှင့်အတူ ပါလာနေကြပင်။ သူရိပ်မိပါသည်။ ဆရာဝန် ခန့်မှန်းထားသည့်ရက်နှင့် နီးကပ်လာလေ မောင့်ရဲ့စိုးရိမ်မှုများတွေ ပိုကြီးလာလေဆိုတာ။

မောင်က သူ့ကို ထွက်သွားခွင့် မပြုသေးဘူးလို့ပြောနေတုန်းပင်။ အခြေအနေကဘာမှန်း မသိတာလည်းမဟုတ်။ သူကတော့ မောင့်မျက်နှာထက်က စိုးရိမ်မှုများကို ပျောက်ကွယ်စေချင်လှပြီ။ သူသက်သက်သာသာနှင့် ထွက်သွားခဲ့လျှင် စိုးရိမ်မှုအစား မောင့်မျက်နှာထက်တွင် တစ်ခုခုများရှိနေမည်လား။ မောင်ငိုနေမည်လား။ မောင်ကြေကွဲနေမည်ထင်သည်။

"ဟင်... အချစ်က အစောကြီးနိုးနေတယ်လား"

မောင့်မျက်နှာကို အကြာကြီးစိုက်ကြည့်နေရင်းမှ အတွေးတွေတန်းစီရောက်လာသည်။ မောင့်ရဲ့မျက်ခုံးကို ညင်သာစွာကိုင်တော့ မောင်နိုးသွားသည်နှင့်တူ၏။

"အင်း...မောင်ရော...ကောင်းကောင်းအိပ်ခဲ့ရဲ့လား"

"အိပ်ခဲ့ရပါတယ်။ အချစ်က အိပ်ရေးမဝခဲ့ဘူးမလား"

အိမ်မှာဧည့်သည်များသောကြောင့် ကလေးတွေကလည်း ပျော်သည်ထင်။ နံနက်စောစောစီးစီး အသံတွေဆူညံလို့။ထိုအသံတွေကြောင့် သူ့ရဲ့အချစ်ကလေးနိုးသွားဟန်တူ၏။

မောင့်အရိုင်းပန်း[မောင့်အရိုင်းပန်း ](Complete) Where stories live. Discover now