"သားရေ ဆေးရောထည့်ခဲ့ရဲ့လား"ဆင်ဝင်အောက်တွင် ကားထိုးရပ်လိုက်သည်နှင့် အမေဖြစ်သူက ထွက်ကြိုပြီး ပြောလာ၏။
"ကြည့်ရတာ အရိုင်းပန်းနူတ်ခမ်းက ဒဏ်ရာက ပိုယောင်လာသလိုပဲ။ သွေးလည်း မတိတ်ဘူး"
"ဒါ့ကြောင့် သားက မေမေ့ကို ပြောတာလေ။ ဆေးရုံက မကောင်းပါဘူးလို့။ ကြည့် အခုတော့ ဆေးသေချာထည့်ရဲ့လား "
ကြောင်က သူ့ချီးကို မြေဖြင့် ယက်ဖုံးသလို သူကလည်း ဆေးရုံအား အပြစ်လွဲချပြီး အိမ်ထဲအရင်ဝင်သွား၏။
"လာ အရိုင်းပန်း ။ ရေချိုးပြီးရင် ညစာစားကြမယ်နော်"
ဒေါ်နွယ်ထားလွန်းက သေးသွယ်သည့် ကောင်လေးရဲ့ လက်ကို ဆွဲပြီး လှေကားထစ်အထိ ပို့ကာ ပြောလေ၏။
သခင်မလေးကို ခေါင်းညိတ်ပြပြီး အပေါ်ထပ်သို့ ခပ်မြန်မြန်တက်သွားတော့သည်။ သူ့တာဝန်က သခင်လေး ကိစ္စအဝဝအား တာဝန်ယူပေးရသည်။ သူ့အခန်းထဲဝင်ပြီး ဆေးအိတ်ပြန်ထားကာ သခင်လေး အခန်းသို့သွားပြီး အဝတ်အသင့်ပြင်ထားပေးလိုက်၏။
"သခင်လေး..."
အဝတ်ထုတ်ပေးသည့်အချိန် ရေချိုးခန်းက ထွက်လာသည့် သခင်လေးကိုမြင်လိုက်တော့ ရှက်ကိုးရှက်ကန်းဖြစ်ပြီး ခေါင်းငုံ့ထားလိုက်သည်။
"အဝတ် လာထုတ်ပေးတာ"
သခင်လေးကတော့ ဘာမှပြန်မပြော ရေစိုနေသည့် ဆံပင်ကို ပါဝါဖြင့် ခပ်ကြမ်းကြမ်းသုတ်ပြီး ခုတင်အနားလျှောက်လာ၏။ ခါးအောက်ပိုင်းက တဘက်ကို ဆွဲချပြီး ကြမ်းပြင်ထက်တွင် ပစ်ထားလိုက်သည်။
"သခင်...လေး"
သူ့မျက်လုံးရှေ့၌ အဝတ်ဗလာဖြင့်တည်ရှိနေသော သခင်လေးကြောင့် မှင်သေသေဖြစ်သွားပြီး တစ်ဖက်သို့ လှည့်ရန်မေ့နေ၏။ သခင်လေးကတော့ Boxes ကိုဖယ်ပြီး ညအိပ်ဘောင်းဘီအား ကောက်ဝတ်လိုက်သည်။
"ငါ ဒါတွေမလိုဘူး"
"ဗျာ...သခင်လေး"
"ညဖက်ဆို အတွင်းခံဝတ်ပြီး မနေတတ်ဘူး။ "
"ဟုတ်ကဲ့ နောက်နေ့ မထုတ်တော့ပါဘူး"
အင်္ကျီကောက်ဝတ်ပြီးသည်နှင့် အခန်းပြင်သို့ ထွက်သွားတော့၏။ အရိုင်းပန်းကတော့ ထော့နဲ့ထော့နဲ့ဖြစ်နေသည့် ခြေထောက်ဖြင့် အခန်းထဲ၌ အကွင်းလိုက် ချွတ်ထားသည့် အဝတ်အစားများကို ခြင်းဖြင့် လိုက်သိမ်းရသည်။
YOU ARE READING
မောင့်အရိုင်းပန်း[ေမာင့္အရိုင္းပန္း ](Complete)
عاطفيةမောင့်ရဲ့အရိုင်းပန်းလေးကို ဘယ်နေရာမှာ ဖွက်ထားရမလဲ။ အခြားလူတွေရှာတွေ့သွားမှာ မောင်သိပ်ကြောက်တယ်