Part-35

14K 557 3
                                    

"သဲငယ် နဲ့ သားသား"

"ဂျာ"

"ဟုတ် ပါးပါး"

"ဖေဖေ့ကို တစ်ချက်ခေါ်ပါဦး ပါးပါးအိပ်ရာ ခင်းနေလို့"

အပြင်ကအသံတွေကြောင့် သူသတိဝင်လာသည့်အခါ လက်ထဲကဓားပေါ်၌ သွေးပေနေသည်။

"ဖေ့ ပါးပါးခေါ် ခေါ်"

"ယင် ဖေဖေ ဘာယုပ်နေတာယဲ"

သူ့လက်ကိုပြန်ကြည့်တော့ ဓားအရာကြောင့် သွေးအနည်းငယ်ယိုစိမ့်နေသည်။ သားကတော့ သူ့ကို အထူးအဆန်းကြည့်နေရင်း သဲငယ်ကတော့ သူ့ပါးပါးဖက်သို့လှည့်ပြီး...

"ပါးပါး ဖေ့ ယက်မှာ ဆွေး ဆွေး"

"ဟင် ဟုတ်လား"

အရိုင်းပန်းသည် သဲငယ်ရဲ့စကားကြောင့် ချက်ချင်းပဲ ရေချိုးခန်းထဲသို့ လိုက်ဝင်သည်။ ထိုအချိန် မောင့်မျက်နှာက ဖျော့တော့တော့နှင့် သူတို့သားအမိကို ကြည့်နေ၏။

"အို...မောင်ရယ် ဘာဖြစ်တာလဲ"

"ဟင်"

"ဘာဖြစ်တာလဲလို့"

ချစ်သူရဲ့စိုးရိမ်ကြီးသည့် အသံကြားမှ လက်ထဲကဓားကို ချကာ မျက်နှာကို ပြင်ဆင်လိုက်သည်။

"မောင် နူတ်ခမ်းမွှေးရိတ်ဖို့လုပ်နေတာ လက်ကအေးနေတော့ ဒီလိုဖြစ်သွားတယ်"

"မောင်ရာ မကြီးမငယ်နဲ့ ထားလိုက်တော့ ဆေးပဲတန်းထည့်ရအောင်"

"မလိုပါဘူး ပိစိကလေးရှမိတာကို"

"အဝတ်လဲတော့ အအေးပတ်ကုန်တော့မှာပဲ။ ဟင်း သဲငယ်နဲ့ သားသား အိပ်ရာထဲပြန်သွား "

ချစ်ရသည့် ခင်ပွန်းငယ်က တဘက်ယူပြီး သူ့ရဲ့စိုရွဲနေသည့်ဆံပင်အား သုတ်လိုက်သည်။ ပြီးနောက် အဝတ်လဲခိုင်းတော့၏။ သူ့ရဲ့မဆင်ခြင်ခြင်းကြောင့် ချစ်ရသူအလုပ်တစ်ခုပိုရပြန်ပြီ။

"အချစ်"

"ဟင် "

ဖြူဝင်းသည့် လှည်တိုင်ကနေ နားရွက်အထိ တည်ရှိနေသည့် hearing aidကြိုးကို ကြည့်ပြီး မေးရန်တွန့်ဆုတ်နေမိ၏။ ချစ်ရသူကို ကာကွယ်ပေးဖို့ မလုပ်နိုင်သည့်ကြားက ဒုက္ခတွေ၊နာကျင်စရာတွေပဲ ပေးနေမိသည့် သူ့ကို သူဒေါသထွက်မိတော့သည်။

မောင့်အရိုင်းပန်း[မောင့်အရိုင်းပန်း ](Complete) Where stories live. Discover now