Part~25

13.7K 971 33
                                    

အခုတလော online၌ ဒီးလ်ရဲ့ သတင်းက နေရာယူထားနေသည်။ တချို့ကလည်း ဆဲဆိုကြသလို တချို့က ဒီးလ်ဖြေရှင်းချက်များ လိုချင်ကြ၏။ တစ်ရက်အတွင်း ပွက်လောရိုက်နေသည့် ဆိုရှယ်မီဒီယာကို ကြည့်ရင်း ဒေါသထွက်နေသည်။

ဒုန်း!

ဝုန်း!

ရုံးခန်းက ပစ္စည်းများကို ပေါက်ပစ်ရင်း အတွင်းရေးမှူး နေသန်အား လှမ်းခေါ်လိုက်၏။

"ချီးပဲ! "

"လာပါပြီ Boss"

"ငါပြောထားတဲ့ဟာ ရပြီလား"

"ဟုတ်ကဲ့ ရပါပြီ"

နေသန်ကတော့ သူ့အနား အချိန်တိုင်းရှိနေသည့်အတွက် သူ့ဖြစ်ချင်တာ လိုက်လျှောပေးရုံကလွဲပြီး မတတ်နိုင်တော့ချေ။

"Boss ဖြစ်နိုင်ရင် မသုံးပါနဲ့လား"

"ဘာလဲ ဒါတွေကို ငါသုံးမယ်လို့ မင်းထင်နေတာလား"

နေသန်ကတော့ သူစိတ်ရှုပ်နေလို့ စိတ်ကြွဆေးပြားရှာဝယ်ခိုင်းသည်ဟု ထင်နေလိမ့်မည်။

"ဒီဆေးပြားကို မင်းပုံမှန်ဝယ်နေလိုက်။ "

"ခင်ဗျာ"

စျေးကြီးပေးဝယ်ရသည့် မူးယစ်ဆေးပြားများလောက်တော့ သူမဖြုန်ပါ။ သူရှာထားသည့် ပိုက်ဆံက သူဖြုန်းဖို့ လုံလောက်တာထက်ပိုသည်။

"အခုတလော ငါ့ Clubမှာ ခိုးဖြန့်နေတာ။ အဲ့ကောင်မိတာနဲ့ သူတို့ ဒိုင်လည်း ငါးပါးမှောင်စေရမယ်"

"ဟုတ်ကဲ့ နားလည်ပါပြီ"

နေသန်က သူ့ကို တစ်ယောက်တည်းထားခဲ့ပြီး အပြင်ထွက်ကာ တံခါးပြန်စေ့လိုက်သည်။ သူကတော့ စိတ်ရှုပ်မှုများစွာနှင့် ဆေးပြားကို ကြည့်ရင်း အံဆွဲထဲ ထည့်လိုက်၏။ ထိုအချိန် ဦးရှိန်းနေဝထွန်းက သူ့ဆီရောက်လာသည်။

"ဘယ်သွားမလို့လဲ"

"............."

အပြင်ထွက်ရန် လုပ်နေသည့် သူ့ကို ကြည့်ရင်း ဦးလေးက မေးလိုက်သည်။ သူကတော့ ဘာမှပြန်မပြောဘဲ တံခါးဝ၌ ရပ်နေ၏။

"တစ်ခါတစ်လေမှ လာလည်တာကို မဧည့်ခံချင်ဘူးပဲ"

ဦးလေးရဲ့ ခနဲ့သည့် အပြောကြောင့် စိတ်ပျက်စွာနှင့် ပြန်ထိုင်လိုက်ရ၏။ ဦးလေးက တစ်ခုခုသိထား၍သာ သူ့ဆီလာသည်ဆိုတာ မြင်ကတည်းက ရိပ်မိနေပြီးသားပင်။

မောင့်အရိုင်းပန်း[မောင့်အရိုင်းပန်း ](Complete) Where stories live. Discover now