Part~18

15.7K 1K 54
                                    

တိတ်ဆိတ်နေသည့် ညနေခင်းအချိန်ဖြစ်နေ၍ Studio အခန်းတွင် လူသွားလူလာကလည်း နည်းပါးသွား၏။ ထိုအချိန်က သူ့အတွက် သီချင်းသွင်းဖို့ အကောင်းဆုံးအချိန်ဖြစ်၏။ နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်နေသည့်အတွက် သီချင်းအသစ်များကလည်း အသံသွင်းဖို့ကို တန်းစီနေအောင် စောင့်နေ၏။

မှန်ပြတင်းပေါက်အား ဖောက်ထွင်းပြီး ပုဇွန်ဆီရောင်သမ်းနေသည့် နေရောင်ခြည်ကလည်း အဆွေးသီချင်းဆိုဖို့ moodဝင်နေသည့်အချိန်ဖြစ်သည်။ သီချင်း စာရွက်ကို ကြည့်ပြီး အသံသွင်းဖို့ စတင်တော့၏။

ဟူး🎶...ယေ့...ယေ..🎶

သံစဥ်နှင့်အတူ ထူးခြားသည့် သူ့အသံကို စတင်လိုက်လေသည်။

🎶ဘာမှ မရှိတော့တဲ့ ငါ့ဆီမှာ မင်းတောင်းဆိုချင်သေးလား ပေးမယ်။ မင်းဓာတ်ပုံအပိုင်းစလေး...သိမ်းထားမနေနဲ့ ငါ့ဓာတ်ပုံလည်း မင်းငါ့လိုသာ ပစ်လိုက်ပါတော့ ဝေးပြီ... ငါအသည်းလည်း တစ်စစီကွဲ...🎶

သူ့ရဲ့မျက်ဝန်းထက်၊ မျက်နှာထက်၌ ဝမ်းနည်းရိပ်နှင့် ခံစားချက်တို့အပြည့် ခြုံလွမ်းထား၏။

"Boss ဒီနေ့ ဒီးလ်က ခံစားချက်အပြည့်နဲ့ ထည့်ဆိုထားတယ်နော်"

"အင်း ဒီသီချင်းကြောင့် တစ်ခုခုခံစားသလိုပဲ"

အပြင်ကနေလှမ်းကြည့်နေသည့် ပရိုဂျူဆာနှင့် သူ့ရဲ့အတွင်းရေးမှူးက သူ့ကိုကြည့်ရင်း ပြောလေသည်။

🎶အချိန်တွေ အကြာကြီး မင်းနဲ့ငါ ချစ်ခဲ့ကြတယ်။ လမ်းခွဲရတယ် ဘယ်သူအချစ်မျိုး ဘယ်လိုထူးလဲ နောက်တစ်ယောက်အသစ်ရှာ ချစ်သွားလား... ငါခံစားခဲ့ရတဲ့ နေ့တွေဟာ တဖြေးဖြေးမင်းအနား ရောက်လို့လာမှာ...ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား...🎶

သီချင်းက သူ့အတွက် အတိတ်ဆီကို ပြန်ခေါ်ဆောင်ပေးသွားသလို။ တချို့အရာတွေက သူ့ကို နာကျင်စေပြန်သည်။

🎶အချိန်တွေ အကြာကြီး မင်းနဲ့ငါ ချစ်ခဲ့ကြတယ်။ လမ်းခွဲရတယ်....🎶

ဘယ်အရာတွေကများ သူ့ရဲ့ဝမ်းနည်းစိတ်ကို ဆွပေးသလဲမသိ။ သီချင်းသွင်းနေရင်း သူအဆင်မပြေတော့ဘဲ အပြင်ကလူကို လက်ပြပြီး ရပ်ခိုင်းလိုက်သည်။

မောင့်အရိုင်းပန်း[မောင့်အရိုင်းပန်း ](Complete) Where stories live. Discover now