Part~23

13.3K 994 25
                                    


"ချီးပဲကွာ... ပင်ပန်းလိုက်တာ"

"သခင်လေး ဒီလိုစကားမပြောကောင်းပါဘူး"

ဖြန်း!

"မင်းကများ ငါ့ကို ပြန်ပြောရသေးတယ်။ "

"တောင်းပန်ပါတယ်"

"မင်းလို ကျွန်အစေခံတစ်ယောက်က ငါ့ခြေဖဝါးလျှက်ပေးတဲ့ အဆင့်လောက်ပဲရှိတယ်"

သူ့ရဲ့စကားကြောင့် အစေခံများက ကြောက်ရွံ့စွာ ဝပ်နေရ၏။ စိတ်ပါလျှင် ပါသလို ရိုက်လည်းရိုက်တတ်သေးသည့် သခင်လေးကို မကြောက်သည့်လူမရှိ။

"ဟဲ့ ကလေးမတွေ ဘာလုပ်နေကြတာလဲ သခင်လေးက ဒေါသထွက်နေတာလေ။ အခန်းထဲက ထွက်သွားကြစမ်း!"

"မောင်းထုတ်သွားစမ်းပါ အမေရာ သူတို့ကိုမြင်ရရင် သွေးတိုးရလွန်းလို့"

"သွားခိုင်းပါပြီ ပြောပါဦး အိမ်တော်သခင်လေးက ဘာတွေစိတ်အလိုမကျဖြစ်နေတာလဲ"

ဒေါ်စိုးသိမ့်သိမ့်က သူ့အနားဝင်ထိုင်ပြီး ချိုသာစွာပြော၏။ နဂိုကတည်းက ဒေါသကြီးသည့် သူက မိခင်ကိုတောင် စိတ်မရှည်လျှင် ဂရုစိုက်တတ်သူမဟုတ်။

"ဘာဖြစ်ရမလဲ။ နံစော်နေတဲ့ ဖအေမရှိ၊မအေမရှိကလေးတွေကို ပွေ့ချီရတာ ပင်ပန်းလို့ပေါ့"

"ဒါကတော့ လူမြင်ကွင်းမှာ စိတ်ရှည်ပြရမှာပဲ အမေ့သားလေးရယ်။ အခု ရေချိုးချင်လား"

"ဒါတွေ အမေပြောစရာမလိုဘူး။ ချိုးချင်ချိုးမှာပေါ့ ဘာဖြစ်နေတာလဲ"

ဂလွမ်!

မိဘမဲ့ကလေးအား အလှူသွားပေးပြီး အိမ်ပြန်ရောက်သည်နှင့် စိတ်ဆိုးနေ၏။ စိတ်မရှည်သည့်သူက အမေဖြစ်သူရဲ့စကားကြောင့် ဒေါသထွက်ကာ ခြေထောက်နားက ထွေးခံကို ကန်ပစ်လိုက်၏။

"အို...သားရယ် ဒီလိုအပြုအမူတွေ ကြမ်းတမ်းလွန်းတယ်။ သားအဖိုးမကြိုက်ဘူးနော်"

"လျှာမရှည်နဲ့ အဖိုးက သေပြီပဲ အခုချိန်မှာ ဒီအိမ်မှာ ကျုပ်က အာဏာအရှိဆုံးပဲ ကျုပ်လုပ်ချင်သလိုလုပ်မယ်။ ကျုပ်နေချင်သလိုနေမယ်"

"အခုနေလို့မရသေးဘူး။ တစ်ခုခုမှားတာနဲ့ သားဦးလေးက အချိန်မရွေး ရာထူးကို ပြန်သိမ်းမှာ"

မောင့်အရိုင်းပန်း[မောင့်အရိုင်းပန်း ](Complete) Where stories live. Discover now