(အပိုင်း ၁)
တသီးတသန့် ကြိုး[BL]
+++(အခန်း ၁)
"ဖိုးနောင်ရေ ဟေ့ကောင် ဖိုးနောင်"
"ဗျ ကိုထက်ကျော် ကျုပ် ဒီမှာ"
"ဟ ထမင်းစားနေတာလား ဖိုးနောင်ရ"
"စားအုံးဗျ လာ ထိုင်"
"အခုပဲ စားလာတာပါကွာ
ငါ အိမ်ပြောင်းတော့မလို့""ဟင် ဘာလို့တုန်း"
"ငါ့ယောက္ခမကြီး နေမကောင်းလို့လေ
ပြီးတော့ ငါ့မိန်းမက တစ်ဦးတည်းသောသမီးဆိုတော့
အမွေလည်းရအောင် သွားနေတော့မလို့""နို့ ကိုထက်ကျော် ပြောဖူးတာကြ
ခင်ဗျားကို မကြည်ဘူးဆို ဟိုက""မင်းလည်း အသိ ငါ့မယ်က မွေးစဖွားစ
ကလေး ရှိတယ်လေ ကလေးအရှိန်ကြောင့်လည်း
ပါမှာပေါ့ကွာ""အော် အော် ဒါနဲ့ လာရင်းကိစ္စက
ဘာလဲဗျ လာနှုတ်ဆက်တာလား""ဘယ်ကသာ မင်းကို အကူအညီလာတောင်းတာ
ငါ့သူဌေးအကြောင်းလည်း မင်း အသိ""ဟို သဘောကောင်းတဲ့လူလား"
"အေး သူက ငါလို ရိုးသားတဲ့လူ
အစားထိုးနိုင်မှ အလုပ်က ထွက်ခိုင်းမယ်
လုပ်အားခ ပေးမယ်တဲ့ဟ""အကျင့်ပုပ်တာပဲ သူ့ဖာသာ ရှာပေါ့"
"အစက ငါလည်း အဲ့လိုပြောမလို့ပေါ့ဟေ
ဒါပေမဲ့ မင်းကို သတိရသွားတာနဲ့""အင်း ဟုတ်သား အဖေလည်း သေပြီ
ညီမလေးကော အစ်ကိုလည်း ရှိသေးတော့
ကျုပ် ရုန်းရအုံးမှာ ""အေးလေ ဒါကြောင့်မို့ ငါ သတိရသွားတာ
မင်း တလောကပဲ အလုပ်ပြုတ်သွားတာဆို""အလုပ်ကကောင်း လစာလေးပါ ဖန့်ဖန့်ရနေတာ
အဖေ့နောက်ဆုံးအချိန်မှာ နေပေးရင်း
အလုပ်ပြုတ်တာ ကိုထက်ကျော်ရေ
ကျုပ်လည်း မတတ်နိုင် ခင်ဗျား မသိလို့
အမေက သူ့သားကြီး ဂြိုလ်မွှေရင်သာ မဆူငေါက်တာ
ကျုပ် အလုပ်ရှာနေတုန်းလေး အိမ်မှာ နားနေရရင်
သိပ်နားပူတယ် ""သိတာပေါ့ ဖိုးနောင်ရာ ကိုင်း ဒီတော့
ဘယ်လို လုပ်မလဲ""ဘာကို ဘယ်လိုလုပ်မှာလဲ ကျုပ်တော့
ခင်ဗျားသူဌေးကို လူ မမြင်ရသေးတာကို
နည်းနည်း လန့်တယ် "