အပိုင်း ၆

39 0 0
                                    

(အပိုင်း ၆)
တသီးတသန့် ကြိုး[BL]
+++

(အခန်း ၁၂)

"ဘာများသုံးဆောင်မလဲခင်ဗျ"

"မင်းနဲ့ စကားပြောချင်တယ် နွေ"

"ဗျာ နာမည်က ဘယ်လိုသိနေတာလဲမသိ
နွေ့ကို သိဖူးတာလားဗျ"

"မင်းကို မသိပေမဲ့ မင်းနဲ့တွဲနေတဲ့
လူကိုတော့ ငါသိတယ်"

"ဗျာ"

"လာစမ်းပါ ထိုင်"

"မဖြစ်လို့ပါခင်ဗျ မန်နေဂျာကြည့်နေပါပြီ"

နွေ သူစိမ်းလူကို ဒီလောက်လေး
ပြောမိတာနဲ့ အနားက ထွက်သွားသူ။
တခြားမဟုတ်။ မန်နေဂျာကို ဘာတွေသွားပြောပြီး
ဘာတွေ ပေးနေတယ်မသိ။

ပြန်လှည့်လာတော့ လူကို စိမ်းစိမ်းကားကား
ကြည့်ပြန်သည်။ ပြီးတော့...

"လိုက်ခဲ့"

"ဟာ ဘယ်ကိုလဲ"

ပြောမရပါလေ။ ဇွတ်အတင်း
လက်ဆွဲခေါ်သလို အကောင်းစားကားပေါ်
ဇွတ် ခေါ်တင်သူ။
ပြီးတော့လည်း အရှိန်တစ်ခုနဲ့
မောင်းပြီး စကားလည်း မပြော။

မြစ်နံဘေးလောက်ရောက်မှ
ကားကို တဇောက်ကန်း ထိုးရပ်သည်။
ကားပေါ်က ရှူးရှူးဒိုင်းဒိုင်းဆင်းသွားသည်။
နွေ အူကြောင်ကြောင်လေး ဖြစ်ရင်း
လိုက်လို့ ဆင်းဖြစ်သည်။

"ငွေ ဘယ်လောက် ရပြီးပြီလဲ"

"ဘာကို မေးတာလဲဗျ"

"ကိုကို့ဆီက ငွေဘယ်လောက်
ယူပြီးပြီလဲလို့ ပြီးတော့ ဘယ်လောက်
လိုချင်လဲပြော ပြီးရင် ကိုကို့နားကနေ
ထွက်သွားပေး"

"တစ်ခုခုတော့ ခင်ဗျား အထင်လွဲနေပြီထင်တယ်
ငါ မင်းရဲ့ ကိုကိုဆိုတဲ့လူကိုလည်း မသိဘူး
ဘယ်သူ့ကို ရည်ညွှန်းနေတာလဲ ငါနားမလည်ဘူး
စကားကို ရှင်းရှင်းပြော"

"အဟား မင်းက မြွေဆိုးပဲ
မြေခွေး‌လိုကောင်
ဘာတွေကောက်ကျစ်အုံးမလို့လဲ
မင်း ညတိုင်း ပျော်တော်ဆက်နေတဲ့
ဇေလှိုင်းဆိုတဲ့လူကို ရည်ညွှန်း‌ပြောနေတာ
သိပ် အ ချင်ယောင်မဆောင်ပါနဲ့
မင်းရဲ့ အကွက်တွေက ဒိတ်အောက်လွန်းတယ်"

တသီးတသန့် ကြိုး (BL)Where stories live. Discover now