(အပိုင်း ၃)
တသီးတသန့် ကြိုး[BL]
+++(အခန်း ၅)
တယောပျို။
ထူးဆန်းတဲ့ကောင်လေးတစ်ယောက်။
ဆိုက်ကိုလူသတ်သမားကို အဖေတော်ထားရသူ။
ပထမဆုံး အချစ်ဦး တယောပျိုရဲ့ မိခင်
သေဆုံးမှုကြောင့် ဖောက်ပြားခဲ့တဲ့ ဖခင်စိတ်။" အား....."
အော်သံတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ အိမ်ကြီး။
တစ်နေ့တော့ အော်သံတွေ ကင်းမဲ့သွားစေချင်
ခဲ့တာ တယောပျိုရဲ့ ဆန္ဒတစ်ခု။တကယ်လည်း တိတ်ဆိတ်သွားချိန်
နာကျင်စွာ သေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေက
စံအိမ်တော်ကြီးကို ခြောက်လန့်နေခဲ့သည်။တယောပျို ဝိညာဉ်တွေနဲ့ စကားပြောနိုင်
လာတဲ့အခါမှ စံအိမ်တော်တွင်း ပြန်လည်
အေးချမ်းခဲ့သည်။ပိတ်လှောင်ထားရတဲ့ ဝိညာဉ်ဆိုးတစ်ခုက
လွဲရင်ပေါ့လေ။"နာမည်က တယောပျိုနော်"
"ဟုတ်ပါတယ်"
"ဦးကို ကယ်တင်ပေးခဲ့တဲ့အတွက်
ကျေးဇူးဆပ်ချင်လို့ပါ
ပြီးရင် အခုလို လက်ရာမြောက်တဲ့
ပန်းချီကားတွေကို မြင်တွေ့ခွင့်ပေးလို့လည်း
ကျေးဇူးတင်ပါတယ်""ရပါတယ် ဦး အခု တယော ပြန်လို့
ရပြီလားဟင်""ရပါပြီ ဦး ပြန်လိုက်ပို့ရမလား"
"ရပါတယ် နေပါစေ
ပြခန်းကနေ ရောင်းရသမျှ
ငွေတွေနဲ့ တယော ဝယ်ချင်တာလေးတွေ
ဝယ်ပေးရင်သာ နည်းနည်းအပင်ပန်းခံပေးနော်""ကောင်းပါပြီ ဒါနဲ့ တယောပျို
လိုချင်တာတွေကို ကြိုတင်ပြောထားပါ့လား
စရံသဘောဖြစ်ဖြစ် ဦး စိုက်၀ယ်ထားပေးချင်လို့""ဟင့်အင်း နောက်မှ ပြီးမှပဲ
ပြောတော့မယ်""ကောင်းပြီ ဖုန်းနံပတ်ကတော့
ဒီနံပတ်ပဲလား ဟင် ဘယ်ရောက်သွားပါလိမ့်"အရူးလို ကျန်ခဲ့တဲ့ လူကြီး။
တယောပျို အလိုချင်ဆုံးက
တခြားတော့ မဟုတ်။တိတ်ဆိတ် ကြေကွဲ ခြောက်သွေ့ဖွယ်
စံအိမ်ကြီးဆီ အလည်ရောက်လာခဲ့သူကြောင့်။
ကြောက်ရွံ့ခြင်းတွေ ကင်းမဲ့နေပြီး
နဖူးထက်က စီးကျနေတဲ့ သွေးတွေကို
တယောပျို ထိတွေ့လိုက်တာနဲ့ ခွေလဲကျသွားသူ။