(အပိုင်း ၅)
တသီးတသန့် ကြိုး[BL]
+++(အခန်း ၁၀)
"ဒါဘာတွေလဲ မန်နေဂျာ"
"မင်းအတွက်တဲ့လေ စားလို့ရသေးတယ်
ရက်ဒိတ်မလွန်သေးဘူး ""မဟုတ်မှ"
"အဲ့ဒီလူနဲ့ ဘာတွေဘာတွေလား နွေ"
"ပေါက်ပေါက်ရှာရှာဗျာ"
"ရော့ ယူလေကွာ ပေးတဲ့လူက
ပေးတာပဲကို"တော်တော်နဲ့ မပြေတဲ့ လက်ဆောင်ကိစ္စ။
ဝန်ထမ်းတွေအကုန် စ လွန်းတော့ အနေရ
ခက်သည်။ ကဲ့ရဲ့ကြတာမျိုးမဟုတ်ဘဲ
အားပေးလွန်းကြတာဖြစ်သည်။နောက်တစ်နေ့ နွေ အထဲမှာ ရောက်နေတုန်း
နာမည် အတင်းမေးလို့ ရှာနေတဲ့ အစ်ကိုဇေလှိုင်း
ကြောင့် နွေ့မယ် ရှက်လိုက်ရတာလေ။"ဘာလို့လဲ ကို့ကို မတွေ့ချင်လို့လား
ဒါဆို ပြန်တော့မယ်လေ""ဟာ မဟုတ်ပါဘူး ကိုဇေရ"
"ဘယ်လို ညီ ကို့ကို ဘယ်လို ခေါ်လိုက်တယ်"
"ကိုဇေလို့ ခေါ်တာလေဗျာ မဟုတ်လည်း
ကိုဇေက ညီထက် နည်းနည်းကြီးတယ်မလား""ကြီးတယ်"
"ကြည့် ဘာလို့ပြုံးစိစိကြီးလုပ်ပြီး
ပြန်ဖြေနေတာတုန်း
ညီက အသက်ကို ပြောတာ""ကိုလည်း အသက်ကို ဆိုလိုတာလေ
ညီ ဘာတွေ အတွေးလွန်နေတာလဲ""တော်ပြီ လူကျလာပြီ အလုပ်
လုပ်တော့မယ်""ညီ"
"ဟာ လက်ကို မကိုင်နဲ့လေ သူများတွေနဲ့ကို"
"ပိတ်ရက်က ဘယ်နေ့လဲ"
"တနင်္ဂနွေ"
"အတူတူ လျှောက်လည်လို့ရမလား"
"မသေချာဘူး ဖုန်းဆက်လိုက်မယ် ကိုဇေ"
ကိုဇေက ရယ်ဖို့ ကောင်းသလို လက်ရဲဇက်ရဲ
နိုင်လို့လည်း ရင်ခုန်ရတာ အခါခါ။
ချိန်းဆိုသလို ပထမဆုံးမို့ လက်ခံလိုက်မိသည်။
အတူတူ လျှောက်လည်ရင်း တံတားပေါ်
လမ်းလျှောက်နေတုန်း လူရှင်းတာနဲ့ ပါးကို
မပြောမဆို လာနမ်းသည်။ရှက်ရှက်နဲ့ လက်မောင်းကို ထုရိုက်ပစ်သည်။
ဒါပေမဲ့....
![](https://img.wattpad.com/cover/369161624-288-k934679.jpg)