(အပိုင်း ၂)
တသီးတသန့် ကြိုး[BL]
+++(အခန်း ၃)
ဦးအတ္တမင်းမောင်။
"အိမ်ထောင်ပြုတယ်ဆိုတာ..."
ဒီစကားကို ဦးအတ္တမင်းမောင်
မုန်းသည်။ အိမ်ထောင်ပြုတယ်ဆိုတာကိုလည်း
မုန်းသည်။ဘာကြောင့်များလဲ။
အဖြစ်ကတော့ ဒီလိုဒီပုံ။ဦးအတ္တမင်းမောင်ရဲ့ မိဘတွေဟာ
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်မဟုတ်။
မြင်တာနဲ့ ရန်သတ်သည်။ဒယ်ဒီချည်း နိုင်သလားဆိုလည်း မဟုတ်။
မာမီနဲ့ သူတစ်ပြန် ကိုယ်တစ်ပြန်။
ကြားထဲက ဦးအတ္တမင်းမောင် ကြီးလာတော့
အတူတူ အနေနီးလို့ နေရတာက အဖွားနဲ့။အပျိုကြီး အဖွား။
ထူးဆန်းနေသလား။
မာမီကို မွေးပြီး အဖိုးဆုံးတယ်
ပြောသည်။ အဖိုးဆုံးကတည်းက
အဖွားနှုတ်ဖျားမှာ တဖွဖွ ရေရွတ်တတ်တာက
အချစ်မုန်းတီးရေးဝါဒ။အဖိုးကို ချစ်လို့ ယူခဲ့တာ မဟုတ်သလို
ချစ်ရတဲ့လူလည်း မရှိခဲ့။ ရှိလုလုမှာ
လမ်းစပြတ်ခဲ့တော့ အချစ်ကို ရမယ်ရှာ
မုန်းသည်။မာမီနဲ့ ဒယ်ဒီက မချစ်ဘူးလားဆိုတော့
ချစ်သည်။ မတော်တဆ ချစ်မိရာက
ကိုယ်စီ ချစ်ရသူတွေ ရှိလာချိန် အိမ်ထောင်ရေးက
မသာယာတော့။ကြားထဲက ဦးအတ္တမင်းမောင်သာ
ဓားစာခံ ဖြစ်ရသည်။ ဦးအတ္တမင်းမောင်ဟာ
အရွယ်သုံးပါးမရွေး ချောတယ်ပြောရင်
ပိုတယ်မထင်လေနဲ့။ လိုတောင် လိုနေလိမ့်အုံးမည်။လူပျိုကြီးဘဝတောင် မရောက်ခင်မှာ
အချစ်ဆိုတာ မကောင်းတဲ့အရာလို့
ယူဆထားသူကိုမှ မာမီတို့က မိန်းမတစ်ယောက်နဲ့
လက်ထပ်ပေးကြသည်။ဒါပေမဲ့ အဲ့တာနဲ့တင်မပြီး။
တစ်ဖက်သတ်ချစ်ရှာသော ဇနီးသည်မှာလည်း
ကြာတော့ ဦးအတ္တမင်းမောင်ကို
သံသယဖြစ်လာသည်။ ကျောက်ရုပ်လိုလူလို့
တွေးထင်ရာက ယောက်ျားချင်းသာ စိတ်ဝင်စားသူလို့
မှတ်ယူလိုက်သည်။မိဘရဲ့ အချစ်တွေကို မရခဲ့တာက တစ်ကြောင်း၊
အချစ်မဲ့တဲ့ အဖွားရဲ့ နားထဲ ရိုက်သွင်းခဲ့တဲ့
စကားလုံးတွေဟာ ဦးအတ္တမင်းမောင် နှလုံးအိမ်ကို
ရသမဲ့စေခဲ့သည်။