(အပိုင်း ၄)
တသီးတသန့် ကြိုး[BL]
+++(အခန်း ၈)
"ဟင့်အင်း"
"အင်း"
"ဟုတ်"
"ဘာရယ် မဟုတ်ဘူးဖိုးနောင်
သမီးက တနောင်ထဲ နောင်နေလို့ မေးတာ""ဒါဆို သွားလို့ရပြီလားဗျ"
"အင်း"
အင်း တဲ့လားဗျာ။
ခင်ဗျားကို လွမ်းနေခဲ့တာလေ။
ခင်ဗျားနဲ့ စကားတွေ ပြောချင်နေတာလေ။
ခင်ဗျားရဲ့အနားမှာ နေချင်နေတာလေဗျာ။လူတစ်ယောက်ကို စွဲလန်းမိရင်
တော်ရုံ မပြေပျောက်တတ်တဲ့
အကျင့်ကြောင့် ဖိုးနောင် ဆွေးသည်။
အလိုက်မသိ ရွာနေတဲ့ မိုးမွှားတားတား
ကျလာတာလေးကို ဖွဖွလေး ဆဲမိသည်။သူဌေး ဘယ်သူ့ဆီ ဝင်ခဲ့သလဲ သိချင်သည်။
သူဌေးအနား သွားချင်သည်။
ချစ်မိသွားလို့လား မဟုတ်။
မဟုတ်ဘူးဗျာ ။မဟုတ်ဘူး။ဟုတ်တယ်။ ငါ သူဌေးကို နှစ်သက်တာ
ကြိုက်ရုံပဲ ကြိုက်တာ။ မေတ္တာဓာတ်တွေ
ငတ်မွတ်နေလို့ ကြင်နာတတ်တဲ့ သူဌေးကို
သဘောကျနေတာ။ဒါ ချစ်တာမဟုတ်ဘူး။
"ဒေါက် ဒေါက်"
"ဟင် ဘယ်သူပါလိမ့်"
အိပ်ခန်းတံခါးကို ဖွင့်တော့
တွေ့လိုက်ရတာက....မျှော်လင့်မိသူ မဟုတ်။
"အဒေါ်ကြီးပါ့လား"
"အေးကွဲ့ ဆရာက မင်းကို ခေါ်ခိုင်းလိုက်လို့
လာ ထီးမရှိရင် အဒေါ်ကြီးနဲ့
အတူတူဆောင်းပြီးသွားမယ်""ဟုတ် ဟုတ်ကဲ့"
ဖိုးနောင် ပျော်သည်။ ရိုးရိုးမပျော်။
အဆန်းတကြယ် ပျော်သည်။ အပျော်ဆိုတာကို
စတင်ထိတွေ့ဖူးတဲ့သူလို ပျော်သည်။သူဌေးအနားရောက်တော့ သူဌေး ကိုယ်သင်း
ရနံ့က စွဲမက်ဖွယ်ရာ။ ရင်ခုန်သံ မြန်လာသည်။
တကယ်ဆို ဖိုးနောင်အဖို့ သားလိမ္မာဇာတ်ထုပ်ပဲ
ကနေရတော့ အချစ်ဆိုတာကို ကောင်းကောင်း
မသိခဲ့။ နားမလည်ချင်ခဲ့။"စားလေကွာ ဘာလဲ ဟင်းမကြိုက်လို့လား
အဒေါ်ကြီး ကလေးကို ဟင်းထည့်ပေးပါအုံး"