8

38 5 0
                                    


အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

အပိုင်း ၈

လူတိုင်းက ညလယ်စာ စားပြီးသည်နှင့် အစည်းအဝေးပွဲခန်းမကို ဆက်လက်ပြီး နေရာချနေကြသည်။ စူးထောင်သည် အပြင်ဘက်ခြမ်းကနေ အနည်းငယ်နောက်ကျပြီးမှ ရောက်လာကာ လူတိုင်းနှင့်အတူ နောက်ဆုံးကျန်နေသောအလုပ်နည်းနည်းကို လတ်စသတ်လိုက်တော့သည်။ အချိန်ကိုကြည့်လိုက်သောအခါ မနက်နှစ်နာရီပင်ထိုးနေပြီ။

အခမ်းအနားပွဲကို မနက် ၈နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး ပွဲကျင်းပမယ့်နေရာကလည်း မြို့ပြင်၌ တည်ရှိ‌နေသောကြောင့် ၆နာရီကြာ အချိန်ယူရမည်ဖြစ်ကာ အချိန်တဝက်လောက်က အသွားအပြန်လမ်းမပေါ်တွင်ကုန်ဆုံးသွားမည်ဖြစ်သည်။

ထိုသို့သော အရေးကြီးသည့် အခိုက်အတန့်အတွက် ကျင်းချွေ့ဝမ်က ဟော်တယ်တစ်ခုကြိုတင်စီစဉ်ပေးထားပြီး ပွဲခန်းမမှ ငါးမိနစ်ခန့် လမ်းလျှောက်ရုံဖြင့် ရောက်နိုင်၏။

ဟိုတယ်သည် အဆင့်မီ ကြယ်ငါးပွင့် ဟိုတယ်တစ်ခုဖြစ်ပြီး လူနှစ်ဦးစီက အဆင့်မြင့် အခန်းတစ်ခုတွင်နေရမည်ဖြစ်ကာ အခန်းကတ်များအား လူတိုင်းဆီကို ဝေပေးထားသည်။ စူးထောင်က သူမ တခြားသူများနှင့် အထပ်ခြင်းမတူမှန်း သတိထားမိသွား၏။

သူမ ကန့်ကွက်စကားမပြောနိုင်ခင်တွင် ရှဲ့ကျင်က သူမ၏လက်ကို ဆွဲကိုင်ပြီး ဓာတ်လှေကားထဲကို ဝင်သွားလိုက်သည်။

သူမရဲ့လုပ်ဖော်ကိုင်ဖက်များမှာ ဓာတ်လှေကားထဲသို့ လှမ်းမ၀င်ရဲကြ‌ဘဲ တခဏကြာ အံ့အားသင့်သွားပြီးနောက် အားလုံးက မမြင်ချင်ယောင်ဆောင်ကာ ရုတ်တရက်ကြီး ဟိုတယ်ဧည့်ခန်းရှိ ပန်းချီကားများကို စိတ်ဝင်တစား လေ့လာနေကြ၏။

ဓာတ်လှေကား တံခါးပိတ်သွားပြီးမှသာ လူတိုင်းက နားလည်မှုရှိစွာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပြီး သူတို့၏ထိတ်လန့်တုန်လှုပ်မှုတွေကို တိတ်တဆိတ်ပြောနေကြသည်။

သူတို့အားလုံးမှာ အကြီးတန်းအဆင့် ခေါင်းဆောင်များ နှင့် အလယ်အလတ်တန်းအဆင့် ခေါင်းဆောင်များဖြစ်ကြသောကြောင့် လူတိုင်းက ထိုအကြောင်းကိုမဖြန့်ဝေရန် တိတ်တဆိတ် သဘောတူလိုက်ကြ၏။ ထို့အပြင် ယခုကဲ့သို့ လစာမြင့်သောအလုပ်က အမှားတစ်ခုလုပ်လိုက်ရုံဖြင့်  အလုပ်ထုတ်ခံရနိုင်ချေများသည်။

အစားထိုးခံ အမျိုးသမီးအတွင်းရေးမှူးWhere stories live. Discover now