10

131 8 0
                                    

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

အပိုင်း ၁၀

ရှဲ့ကျင်သည် သူ့လက်နှစ်ဖက်ကို မြှောက်ထားသည့်ပုံစံကို ဆက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ယခုအချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ ဒေါသများက အေးခဲသွားပုံရပြီး သူမကို ဗြောင်ကျကျစိုက်ကြည့်နေသည်။

အချိန်အတော်ကြာပြီးနောက် စိတ်နဲ့လူနဲ့မကပ်သေးသလို ကျယ်လောင်သောအသံဖြင့် မေးနေသေး၏။"ပြီးသွားပြီဆိုတာ ဘာကိုဆိုလိုတာလဲ။" 

"ပြီးသွားပြီဆိုတာက လမ်းခွဲတာကို ဆိုလိုတာလေ။" စူးထောင်က သူမလက်ထဲရှိစာကို‌ ခေါက်သိမ်းလိုက်ရင်း မျက်လုံးပင့်လိုက်ပြီး သူ့ကို တိတ်တဆိတ်ကြည့်ကာ သူ့အနားက ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။

ရှဲ့ကျင်သည် သူမ လှုပ်ရှားလိုက်သည်နှင့် သူမ၏ ရည်ရွယ်ချက်ကို တွေ့ရှိခဲ့ပြီး လက်ကောက်ဝတ်ကို အမြန်ဆွဲကာ စားပွဲရှေ့တွင် ပိတ်မိနေစေရန် အတင်းပင် ကိုင်ထားတော့၏။

သူ့အသံက ပြာပင်ပြာလာပြီး စူးထောင်ကို စိုက်ကြည့်ကာ "မင်းကိုယ့်ကို လမ်းခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့မရဘူး။"

စူးထောင်သည် သူ၏သွေးဆာနေသော အကြည့်များကို ရှောင်ရန်မျက်လုံးကို ငုံ့ထားလိုက်ပြီး သူ့ပုံစံကသားကောင်ကို ကိုက်စားတော့မည့်ပုံပေါ်သည်။ စူးထောင်ပင် အနည်းငယ် ကြောက်လန့်သွားသလိုခံစားလိုက်ရ၏။

"ရှဲ့ကျင် ကျွန်မတို့ ပျော်ခဲ့ဖူး..."

သူမ နှုတ်ခမ်းက ကိုက်ခံထိသွားပြီး စကားများကတားဆီးခံလိုက်ကာ သူ့ဒေါသများက သူမရဲ့ခေါင်းပေါ်တွင် ပေါက်ကွဲထွက်လာပြီး သူမမှာမျက်ရည်ကျလုလုပင်ဖြစ်လာသည်။

နောက်ဆုံးတွင်မူ သူ့ပါးစပ်အောက်ရှိ သားကောင်ငယ်သည် တိတ်ဆိတ်လွန်းနေသဖြင့် ဒေါသထွက်နေသောခြင်္သေ့ကြီးက တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားပြီး သူ၏လှုပ်ရှားမှုများကို နှေးကွေးလိုက်ရင်း မျက်လုံးဖွင့်လိုက်၏။

သူ့မြင်ကွင်းထဲ ဝင်လာသည့်အရာမှာ သေရန်အဆင်သင့်ဖြစ်နေသကဲ့သို့ တင်းကျပ်စွာပိတ်ထားသည့် သူမမျက်လုံးများမှ ကြည်လင်သော မျက်ရည်များစီးကျနေသည်ကို တွေ့လိုက်ရသည်။

အစားထိုးခံ အမျိုးသမီးအတွင်းရေးမှူးWhere stories live. Discover now