1

145 6 0
                                    

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

အပိုင်း ၁

ပေကျင်းမြို့၏ CBD အလယ်တည့်တည့်ရှိ မှန်လုံခန်းအဆောက်အဦသည် အလွန်တိတ်ဆိတ်နေ၏။ ထျန်းကျင်း group ဥက္ကဌရုံးချုပ်တွင် အလုပ်သမား‌တွေသည် သူတို့၏အလုပ်ထဲ၌ နစ်မြုပ်ထားပြီး အိပ်ပျော်နေသော နတ်ဆိုးကို နှိုးလိုက်မိမှာ ကြောက်နေသကဲ့သို့ စာရိုက်သံနဲ့ mouse နှိပ်သံတွေဟာ ပုံမှန်မဟုတ်စွာနှင့် တိုးတိုးတိတ်တိတ် ဖြစ်နေသည်။

ရုတ်တရက် သန့်ရှင်းနေသော အမဲရောင် ကြွေပြားခင်းထားသည့် ကြမ်းပြင်ပေါ်မှ ဒေါက်ဖိနပ်သံသည်  အခန်းထဲသို့ထိုးဖောက်လာ၏။ အသံနီးကပ်လာသည်နှင့်အမျှ လူတိုင်း၏ အကြည့်တွေသည် ဖြူဖွေးသွယ်လျသည့် ခြေတံရှည် တစ်စုံဆီသို့ ရောက်သွားကြသည်။ အဖြူရောင် ရှပ်အင်္ကျီနှင့် လိမ္မော်နုရောင်စကပ်တွဲဝတ်ထားသည့် နူးညံ့သော အသွင်အပြင်က ပို၍ပင် ဆွဲမက်ဖွယ်ကောင်းလှ၏။

စူးထောင်သည် လုပ်ဖော်ကိုင်ဖက်များ၏ စပ်စုသောအကြည့်နှင့် လှောင်ပြောင်သောအကြည့်များကို လျစ်လျူရှုထားလိုက်သည်။ သူမ၏ ကုမ္ပဏီပထမဆုံးရက်ကတည်းက ထိုသူများ၏ အကြည့်များမှတဆင့် သူမအပေါ် ဖော်ရွေမှုမရှိဟု ခံစားခဲ့ရ၏။

ရပ်တန့်ခြင်းမရှိဘဲ ဥက္ကဌရုံးခန်း၏ အနက်ရောင်တံခါးဆီသို့ တည့်တည့်လျှောက်လိုက်သည်။ ဥက္ကဌ ရုံးခန်းတံခါးဖြစ်သည့်အလျောက် လေထုမှာလည်း အေးစက်စက်နှင့် တင်းတင်းကြပ်ကြပ်ဖြစ်နေသည်ပင်။

အကြီးတန်း အတွင်းရေးမှူး၏ အလုပ်ခန်းဆီ ဦးတည်နေသည့် အနက်ရောင်တံခါးထောင့်မှ စူးထောင် ပျောက်ကွယ်သွားသည်နှင့် လုပ်ဖော်ကိုင်ဖက်များသည် အာရုံမပြန့်လွင့်တော့ဘဲ မိမိတို့၏ အလုပ်ကို အာရုံပြန်စိုက်လာကြ၏။

ရုံးထဲတွင် ရုတ်တရက် ထမြည်လာသော ဖုန်းသံက လူတိုင်းကို ထခုန်စေလုမတတ်ပင်။ ဖုန်း၏အရှေ့တွင် ထိုင်နေသော အတွင်းရေးမှူး ချိန်ရှုးက နူးညံ့စွာဖြင့်ဖုန်းဖြေလိုက်သည်။ " မင်္ဂလာပါရှင်။ ဥက္ကဌ ရုံးကပါ။"

တစ်ဖက်မှ ဘာပြောလိုက်သည်မသိ ချိန်ရူး၏မျက်နှာသည် ဖြူဖျော့သွားသည်။ "သွားပြီ"

အစားထိုးခံ အမျိုးသမီးအတွင်းရေးမှူးWhere stories live. Discover now