" ကိုယ်တို့ ဒီလောက်နဲ့ပဲ လမ်းခွဲကြရအောင် "
ကျွန်တော့်ရဲ့ တိုးလျလျစကားသံအဆုံးမှာ
ချန်းယောင်း မျက်လုံးတွေတစ်ချက်လှုပ်ရှားသွားတယ်။ ဒါပေမယ့် အဲ့တာက ခဏပါပဲ ပြီးတော့ ကြိုသိနှင့်ပြီးသား သူလို လေသံအေးအေး ဖြင့်ပြန်မေးတယ်။" ဘာဖြစ်လို့လဲ "
အကြောင်းပြချက်ကို သိထားလျက်သားနဲ့
ချန်းယောင်းက ဝန်ဘင်းကို ချောင်ပိတ်မေးနေတယ်။ ဝန်ဘင်းရဲ့ မျက်လုံးတွေကို သေချာစိုက်ကြည့်ရင်း ဝန်ဘင်းဆီက ထွက်လာမယ့်အဖြေကို စိတ်ရှည်ရှည်နဲ့စောင့်နေသလိုမျိုး။ ချန်းယောင်းရဲ့ရှေ့မှာ အပြစ်လုပ်ထားတဲ့ လူတစ်ယောက်လိုမျိုး ဝန်ဘင်းတုန်လှုပ်နေပြီး ဘာစကားသံမှထွက်မလာခဲ့ဘူး။ တစ်အောင့်နေတော့မှ ချန်းယောင်းက သက်ပြင်းချရင်းပြောတယ်" ကျွန်တော့်အတွေး မမှားဘူးဆိုရင် ဟိုအစ်မကြောင့်မလား "
ဒါပေါ့ ချန်းယောင်းမသိနေစရာ အကြောင်းမှမရှိဘဲ။ တွဲနေတဲ့တစ်လျှောက်လုံး ဝန်ဘင်းရဲ့ ချန်းယောင်းအပေါ် ပျက်ကွက်ခဲ့မှုတွေရဲ့ အရင်းခံက ဝန်းဘင်းအခုချိန်ထိ မပြတ်သားနိုင်သေးတဲ့ အချစ်ဦးကြောင့်ပဲကိုး။
" အင်း ကိုယ့်စိတ်တွေ မင်းဆီထက် သူ့ဆီပဲရောက်နေမိလို့ ချန်းယောင်း "
" သေချာလား ကိုကို "
ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်ပြီးမေးတယ်။
စလာကတည်းက 'ကိုကို' အစား 'ကိုယ်'ဆိုပြီး ပြောင်းလဲ သုံးနှုန်းနေတဲ့ ကျွန်တော့်ကို ပိုပြီးလိပ်ပြာမလုံဖြစ်စေတာပဲ။" အင်း အဲ့လိုဖြစ်နေတယ်ထင်တယ် "
" အဲ့တော့ အခုက အစ်မဟန်ဂျီဆီကို ပြန်သွားချင်လို့ ကျွန်တော်နဲ့ လမ်းခွဲတာပေါ့ ကိုကို သူ့ဆီကို ပြန်သွားမှာပေါ့ "
ချန်းယောင်းက ဒီလိုစကားတွေကို တစ်ချက်မှ
မတုန်လှုပ်ဘဲ အေးဆေးပြောနေတာကို ဝန်ဘင်းအံ့ဩလို့မဆုံးဘူး။ တကယ်တော့ သူလည်းကိုယ့်ကို မသေချာဘူး။ သူ ချန်းယောင်းကို မချစ်လို့လမ်းခွဲတာတော့မဟုတ်ဘူး။ ဟန်ဂျီ့ကို ပိုချစ်နေသေးတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။