ရက်သတ္တပတ်တွေ ကူးပြောင်းလာပြီး ချန်းယောင်းရဲ့ နေ့စဉ်ဘဝဟာလည်း ပုံမှန်အတိုင်းပဲ လည်ပတ်နေခဲ့တယ်။ အင်း.... တစ်ခုတော့ရှိတာပေါ့။ အရင်ကလို သူ့အပေါ်မှာ အာရုံမစိုက်နိုင်တော့ဘဲ ရည်းစားဟောင်းရဲ့ အရေးကိစ္စမှာ အလုပ်များနေတဲ့ တစ်ယောက်သောသူကြောင့် အထီးကျန်ရတာလွဲလို့ ကျန်တာ သူအကုန်အဆင်ပြေနေပါတယ်။
ကိုကို့ companyက အဲ့အစ်မတို့နဲ့ လက်တွဲလိုက်ပြီဆိုလား။ သတင်းထဲမှာလည်း တစ်စွန်းတစ်စတွေ့ရပေမယ့် အသေအချာတော့ နားလည်နိုင်စွမ်းမရှိခဲ့ဘူး။
ချန်းယောင်းက အခုထိ ကျောင်းတောင်မပြီးသေးတဲ့ လူငယ်လေးတစ်ယောက်လေ။ ကိုကိုက အလုပ်ကိစ္စလို့ပြောရင် သူဘာများဝင်ပြီး စွက်ဖက်နိုင်မှာတဲ့လဲ။" အီချန်းရာ အတွေးတွေလွန်လှချည်လား စားလေ "
အတွေးများနေသော ချန်းယောင်းကို ဆွန်းဟန်က လက်တွေ့ ကမ္ဘာထဲကို ပြန်ဆွဲခေါ်လာပေးသည်။ အခုက hotpotဆိုင်မှာ examအတွက် ကြိုပြီး အားလာဖြည့်နေကြတာဖြစ်သည်။ ဆွန်းဟန်နဲ့ ဆိုဟီးကတော့ အရင်လို ဟိုမကျဒီမကျ ဆက်ဆံရေးမဟုတ်တော့ဘဲ တရားဝင် တွဲခဲ့ကြပြီ။
" အဆင်ရောပြေလား ငါ့ကောင်ရေ ရည်းစားရှိတော့ အပူတွေများနေပုံပဲ "
ချန်းယောင်းက အသားတွေကို စိတ်မပါလက်မပါစွာဝါးရင်း ခေါင်းသာခါပြသည်။ အရင်လို အီဆိုဟီးနဲ့လည်း ပြိုင်ငြင်းဖို့ သူ့မှာအားတွေရှိမနေဘူး။
အဲ့အချိန်မှာ မျက်လုံးထောင့်ကနေ မြင်လိုက်ရသူက ကိုကိုဖြစ်နေတယ်။ အစ်မဟန်ဂျီနဲ့အတူလာတာပဲ။ အဝေးကနေ လှမ်းမြင်နေရတာတောင် ကိုကို့ရဲ့ ချိုသာတဲ့အပြုံးတွေရယ် နူးညံ့တဲ့အကြည့်တွေရယ်ကို အရှင်းသားမြင်နေရတာကြောင့် အဲ့လောက်တောင် ကြည်လင်ပြတ်သားနေရကောင်းလားဆိုပြီး ကိုယ့်မျက်လုံးတွေကို အပြစ်တင်မိသေးတယ်။
နာမည်ကြီးတဲ့ hotpotဆိုင်ဖြစ်တာကြောင့် လူရှုပ်နေတာမို့ ကိုကိုက ချန်းယောင်းတို့ အုပ်စုကိုမြင်ပုံမရဘူး။ သူ့ဘေးက အစ်မဟန်ဂျီကို စကားတွေတပြောပြောနဲ့ အပေါ်ထပ်ကို တက်သွားမှသာ ချန်းယောင်းသက်ပြင်းချနိုင်တော့တယ်။ ဒါမျိုးတွေကြုံနေရတာ တစ်ခါနှစ်ခါလည်း မကတော့ပါဘူး။