မနက်ဝေလီဝေလင်း အချိန်မှာတောင် ဆေးရုံအရေးပေါ်ဆောင်မှာ လူတွေခပ်စိပ်စိပ်တွေ့ရတယ်။ လူနာတချို့ရဲ့ ညည်းညူသံတွေနဲ့ စကားပြောသံများကို ကျော်ဖြတ်ပြီး သူနဲ့ အွန်းဆော့ဟျောင်း အကို့ကိုရှာရသည်။ အွန်းဆော့ဟျောင်းက စိတ်မရှည်တဲ့ အဆုံး ဘေးနားဖြတ်သွားသည့် သူနာပြုတစ်ယောက်ကို လက်ဆွဲမေးလိုက်သည်။
" ကားတိုက်လို့ရောက်လာတဲ့ လူနာကို ရှာနေတာပါ "
" အာ ကားအပြာရောင်နဲ့တစ်ယောက်မလား ဖုန်းဆက်လိုက်တာ ကျွန်မပဲ နောက်ကလိုက်ခဲ့ "
လိုက်ကာအပြာကိုဆွဲလှပ်လိုက်တဲ့နောက်မှာ နဖူးမှာ ခပ်မြန်မြန်စီးထားရတဲ့ ပတ်တီးနဲ့ သွေးတွေးပေကျံနေတဲ့ မျက်နှာက မြင်ရက်စရာမရှိဘူး။
ချန်းယောင်း ဘေးနားမှာဝင်ထိုင်ပြီး အကို့လက်ကိုသာ ခပ်ဖွဖွလေးဆုပ်ကိုင်ထားမိတယ် အွန်းဆော့ဟျောင်းကတော့ သူနာပြုဆရာမလေးကို အခြေအနေတွေမေးမြန်းနေတယ်
" လက်ဖျံအက်သွားတယ် နဖူးကို သုံးချက်ချုပ်ထားရတယ် အတွင်းပိုင်းတော့ဘာမှမဖြစ်ပါဘူး "
" ဆရာမ သူအခုထိ သတိမရသေးတာက... "
" ဒဏ်ရာအရှိန်ကြောင့်ပါ ခေါင်းလည်းမထိတော့ စိတ်ပူစရာမရှိပါဘူး "
တစ်အောင့်လောက်နေတော့ ကားတိုက်မှုအတွက်အမှုကိစ္စစကားပြောရမယ်ဆိုကာ အွန်းဆော့ဟျောင်းက ခဏထွက်သွားသည်။ ချန်းယောင်းကတော့ အကို့နားက တစ်ဖဝါးမှမခွာနိုင်ဘူး။ သတိပြန်လည်မလာသေးတဲ့ အစ်ကိုကတော့ အပူအပင်ကင်းစွာ....
မျက်လုံးနားကိုဝဲကျနေသော ဆံပင်တွေကို လက်နဲ့သပ်တင်ပေးမိတော့ လက်ကိုပေကျံလာသည့် သွေးတွေကို ကြည့်ရင်း စိတ်မချမ်းမသာဖြစ်ရသည်။မနက်ခြောက်နာရီလောက်မှာ မှေးခနဲအိပ်ပျော်သွားတုန်း ချန်းယောင်းခေါင်းပေါ်ကိုရောက်လာတဲ့ အထိအတွေ့ကြောင့် ခပ်မြန်မြန်မော့ကြည့်လိုက်တော့ ဖျော့တော့တော့ပြန်ပြုံးပြလာတယ်။
" အကို သတိရလာပြီ ဘယ်လိုနေသေးလဲဟင် ဖြည်းဖြည်းထ အကို "
" ကိုယ်ဘာမှမဖြစ်ပါဘူး "