ရက်ပိုင်းလောက် ကျွန်တော့်ကို သိသိသာသာရှောင်ပြီးတဲ့နောက်မှာ ကိုကိုပြန်ပေါ်လာခဲ့တယ်။ ဒါပေမယ့် လမ်းခွဲစကားပြောဖို့တဲ့လေ....။
လမ်းခွဲစကားပြောဖို့အရေးကို တွန့်ဆုတ်နေပြီး မတည်မငြိမ်ဖြစ်နေတဲ့ ကိုကို့ပုံစံက မဟုတ်တာလုပ်ထားတဲ့ ကလေးတစ်ယောက်မျိုးပဲ။ အကြောင်းပြချက်ကို သိလျက်နဲ့ ချန်းယောင်းက ချောင်ပိတ်ပြီး မေးလိုက်တယ်။ အနည်းဆုံးတော့ သူဒီလိုလုပ်ခွင့်ရှိတာပဲလေနော်။
" ကိုယ့်စိတ်တွေ မင်းဆီထက် သူ့ဆီပဲရောက်နေမိလို့ " ဆိုတဲ့ စကားကို ကိုကို့နှုတ်ကနေ ကြားလိုက်ရတဲ့ အခါမှာတော့ ချန်းယောင်း တစ်ကိုယ်လုံးက အင်အားတွေ ယုတ်သွားသလိုပဲ။ အီချန်းယောင်းကတော့လေ ကိုယ့်အနာကို ကိုယ်ရှာချင်နေတာပဲ။
အစကတည်းက ဘယ်ခြေလှမ်းကို လှမ်းနေတာလဲဆိုတာ ကြိုသိနှင့်ပြီးသားမို့ ပြဿနာတွေလည်း မရှာချင်တော့ဘူး။ ကိုကို အဆင်ပြေပါစေ ဒီလောက်ပဲပေါ့။
~~~
ဒီနေ့နဲ့ဆို ကိုကိုနဲ့ လမ်းခွဲပြီးတာ တစ်လနဲ့ ကိုးရက်တိတိရှိပြီ။ Final examပြီးကတည်းက ချန်းယောင်းတစ်ယောက် အပြင်သိပ်မထွက်ဘဲ အိမ်ကပ်တဲ့ ခွေးပေါက်လေးဖြစ်လို့နေသည်။ စာမေးပွဲအတောအတွင်းမို့ မကွဲခဲ့ရတဲ့ အသည်းကို အခုမှ အတိုးချပြီး ကွဲနေရသလိုမျိုး။ အင်း ကိုကိုကတော့ အဆင်ပြေနေမယ်ထင်ပါရဲ့။ အနည်းဆုံးတော့ သူ့ဘေးမှာ ဟိုအစ်မရှိနေမှာပဲ။
ကျွန်တော့်မှာက ကိုကိုပဲရှိတာကို သိရက်နဲ့။တစ်နှစ်ဆိုတဲ့ သံယောဇဉ်က ကြီးလိုက်တာလို့တွေးမိတော့ ကိုကိုနဲ့ သူ့exက ငါးနှစ်လောက်တွဲခဲ့တာဆိုတဲ့ အမှန်တရားက ချန်းယောင်းကို သိမ်ငယ်သွားစေလိုက်တာများ။ အိပ်ရာပေါ်မှာ တစ်ယောက်တည်းအတွေးများနေစဉ် မေမေ့ဆီမှ ဖုန်းဝင်လာတာကြောင့်
ချန်းယောင်း မျက်ခုံးတစ်ချက်ပင့်မိတယ်။" ဟုတ် မေမေ "
" ချန်းယောင်း.... မင်း မေမေ့ကို အဆက်အသွယ်လည်း
မလုပ်ဘူးကွယ် "" ကျွန်တော်.... ဒီတိုင်းပါပဲ "
" မေမေ့ဆီလာခဲ့ပါဦးလား၊ စာမေးပွဲပြီး သားလည်း အားနေတာပဲ "