" ကျွတ်စ် ဒီမိုးကလည်း ရွာပြန်ပြီကွာ "
" မောင့် အသဲတုံးလေးတော့ မိုးမိပြီး ဖျားတော့မှာပဲ လာပါဦး ရင်ခွင်ထဲကို "
" ဟင့်... အခုမှနွေးသွားတော့တယ် "
" အိမ်ရောက်ရင် နွေးတာလေးတစ်ခုခုသောက်နော် "
ဘတ်စ်ကားမှတ်တိုင်ရှေ့မှာ မိုးခိုရင်း busအလာကို စောင့်နေကြတာဖြစ်သည်။ သကောင့်သားနှစ်ကောင်ကတော့ မထင်ရင်မထင်သလို ကဲသဲပြတတ်တာမို့ ချန်းယောင်း ဘေးမဲ့ပေးထားနေကျ....။ အခုနောက်ပိုင်း ကိုကိုလာမကြိုတော့ဘူးမို့ taxiနဲ့ ပြန်ရင်ပြန် မဟုတ်ရင်လည်း ကျေးဇူးရှင်လေးနှစ်ယောက်နဲ့အတူ busနဲ့သာ ပြန်ဖြစ်သည်။
ဆိုဟီးက ဆွန်းဟန်ရင်ခွင်ထဲမှီချထားပြီး ဆွန်းဟန်ကလည်း ဆိုဟီးဆံပင်က မိုးရေစက်တွေကို လက်နဲ့သပ်ချပေးရင်း ချစ်ကြည်နူးနေကြသော...။ တကယ်တော့ ချန်းယောင်း အားကျနေတာပါ။ တခါတလေကျတော့လည်း နောင်တရမိသား။ ဆိုဟီးတို့လို သက်တူရွယ်တူ ကိုယ်နဲ့ အရမ်းအလှမ်းမဝေးတဲ့သူကိုသာ တွေ့ခဲ့ရင် ဘယ်လောက်များကောင်းမလဲဆိုပြီးတော့။ အခုတော့ဖြင့် ကိုကိုနဲ့သူက အရမ်းကွာခြားတာတွေများလွန်းနေတယ်လေ။
" ဒါ အစ်ကိုဝန်ဘင်းမဟုတ်ဘူးလား.... "
" ဟင်... ဘယ်မှာလဲ "
ဆိုဟီးက သူ့ဖုန်းထဲက ကြည့်လက်စ videoတစ်ခုကိုပြသည်။ နာမည်ကြီးသတင်းဌာနတစ်ခုရဲ့ စကားဝိုင်းတစ်ခုမှာ ကိုကိုက suitအပြည့်နဲ့ ကျကျနနကို ပြောဆိုဆွေးနွေးနေတာ ဖြစ်တယ်။ အဲ့လိုအချိန်တွေဆို အရမ်းကြည့်ကောင်းတဲ့ လူကြီးပဲ...။ ကိုးရီးယားရဲ့ အတော်ဆုံး လူငယ်စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ ကိုကို့ကို ဒီလိုမျိုး ရုပ်သံလိုင်းတွေဘက်မှာလည်း တွေ့ရတတ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ ကိုကို့ဘေးမှာ အစ်မဟန်ဂျီကိုပါ တွေ့ရတတ်တယ်။
" မင်းလူကြီးက မမိုက်ပါဘူးကွာ ရည်းစားဟောင်းသာဆိုတယ်နော် အမြဲတပူးတတွဲနဲ့ "
" မောင့်ဆိုဟီး! အဲ့လိုမပြောရဘူးလေ ဒါကအလုပ်ကိစ္စပဲဟာ ချန်းယောင်းကို အတွေးများအောင် လျှောက်မပြောရဘူး "