''ဟဲ့ မိုရ်နင် ဒီမှာဘာရပ်လုပ်နေတာလဲ အိမ်ပြန်ကြမယ်လေဟာ''
''နေပါအုံး ငါကြည့်စရာရှိသေးလို့''
မိုရ်နဲ့မဒီတို့နှစ်ယောက် အခန်းရှေ့ကကော်ရစ်ဒါတိုင်မှာမှီရင်း တစ်စုံတစ်ယောက်ကိုစောင့်နေခြင်းဖြစ်သည်ဟော တွေ့ပါပီ လူတွေအကုန်လုံးထွက်သွားပီး နောက်ဆုံးမှထွက်လာတဲ့ပိုးဟပ်ဖြူလေး မောင့်ကို တစ်ဆက်တည်းမှာဘဲ သူမရဲ့မျက်လုံးတွေက မောင်ရဲ့ခြေထောက်ဆီကိုရောက်သွားတော့ သူမဝယ်ပေးထားတဲ့ အနက်ရောင်ဖိနပ်အသစ်ကလေးကြောင့် သူမမျက်နှာဟာ ဟန်မဆောင်နိုင်စွာပြုံးရွှင်နေမိသည်
''ဟဲ့ မိုရ် အိန္ဒြေလေးဘာလေးလည်း ထိန်းအုံး သွားကြီးကိုဖြီးထားလိုက်တာနွားပွဲစားကြီးကျနေတာဘဲ ဟိုက ငါတို့နားရောက်တော့မှာမျက်နှာပိုးသတ်အုံး''
မဒီ သူမကိုတိုးတိုးလေးလာပြောပေမဲ့ သူမကတော့ ဂရုမစိုက်နိုင်ဘဲ သူမနားကဖြတ်သွားတဲ့ မောင်ကို လှမ်းနှုတ်ဆက်လိုက်မိသည်
''သွေးရတုမောင် ပြန်တော့မလို့လား ဟီး''
မောင်က သူ့နာမည်ကိုခေါ်လိုက်တာကြောင့် မိုရ်ရှေ့မှာရပ်သွားပီး သူမကိုကြည့်ကာ
''အင်း''
''အော် ဒါနဲ့ ဖိနပ်က ဆိုဒ်တော်ရဲ့လား ငါလည်းမှန်းဝယ်လိုက်တာ ''
''ဖိနပ်ဆိုဒ်ကတော်တယ် မေမေစောင့်နေမှာမို့လို့ သွားတော့မယ်''
''အင်း တာတာနော် သွေးရတုမောင်''
မိုရ်ထွက်သွားတဲ့ မောင်က သူမလက်ပြနေတာကိုမမြင်နိုင်တာသိပေမဲ့ သူမကတော့မောင်အရိပ်လေးပျောက်သွားတဲ့အထိ လက်ပြနှုတ်ဆက်နေမိသည်
မဒီ သွေးရတုမောင်ထွက်သွားတာ ကြာပီကိုခုထိပြုံးပီးလက်ပြနေတဲ့မိုရ်ကို အမြင်ကပ်ကပ်ဖြင့်ဗိုက်ကိုဆွဲလိမ်လိုက်သည်
''အ့ မဒီနာလိုက်တာ ''
''မသနားဘူး နာအောင်ကိုတမင်သပ်သပ်လုပ်တာ ဘယ်နှယ့် ဟိုကအဖက်တောက်မလုပ်တာကို စပ်ဖြီးဖြီးသွားလုပ်နေတာ အရင်ကလိုမာနတံကွန်မိုးထိချေနေတဲ့ မိုရ်ကဘယ်ရောက်သွားတာလဲ''
YOU ARE READING
My Sunshine
Humorစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ပြင်ပလက်တွေ့နှင့်ကွာခြားနိုင်ပါသည် တစ်ခါတစ်လေကျရင် ကိုယ်စိတ်ကူးယဥ်ပုံစံထဲကချစ်သူနဲ့ ကိုယ်တစ်ကယ်ချစ်မိသွားတဲ့သူက တူမနေနိုင်ပါဘူး အဲ့ဒီအခါကျရင် ကိုယ်ရဲ့စိတ်ကူးယဥ်ပုံစံက ကိုယ့်အတွက်အရေးမကြီးတော့တာမျိုးလည်းရှိနေနိုင်တယ်လေ