မိုရ်တို့သုံးယောက် ကော်ဖီဆိုင်သို့ဝင်လာချိန်တွင် နံရံထောင့်က စားပွဲဝိုင်းမှာ မြန်မာရင်ဖုံးလက်ရှည်နဲ့ထဘီဝမ်းဆက်အနီရောင်ကိုဝတ်ဆင်ထားပီး ကျောလယ်လောက်ရှည်သည့်ဆံပင်ကိုချထားကာ တစ်စုံတစ်ယောက်စောင့်နေဟန်သူ၏ သူမဘေးတွင်တော့ စပို့ရှပ်လက်တိုနှင့် ဂျင်းဘောင်ဘီအရှည်ဝတ်ထားသူကလည်း ထိုင်စောင့်ပေးနေ၏ မိုရ် သူတို့နှစ်ယောက်အနားသို့သွားကာ
''မောင်နဲ့ပတ်သက်ပီးပြောစရာရှိတယ်ဆို ဘာပြောမလို့လဲ''
''အော် မိုရ်တို့ရောက်လာပီလးထိုင်ပါ''
ထိုသို့ပြောလာတာကြောင့် မိုရ်တို့ထိုင်လိုက်ပီး ပြုံးနေတဲ့အမျိုးသမီးကိုကြည့်လိုက်တော့ အတော်လှတဲ့အမျိုးသမီးဟု မှတ်ချက်ချမိသည် အရင်တုန်းက မုန်းခဲ့မိပေမဲ့ အခုတော့ သူ့ကိုချစ်တာမုန်းတာမရှိတော့သလို ပြန်လည်းမတွေ့ချင်ခဲ့ပေ''ရတု အကြောင်းကို မပြောခင် ဒီဖုန်းထဲက ပုံလေးတွေအရင်ကြည့်လိုက်ပါ''
''ဒါက ဘာတွေလဲ မမေချစ်သက်''
''ပုံတစ်ပုံရဲ့နောက်ကျောတိုင်းမှာ စာလေးတွေပါတယ် မင်းဖတ်ကြည့်လိုက်ပါ''
မိုရ် ပထမဆုံးပုံကိုကြည့်မိတော့ မိုရ်ဆယ်တန်းနှစ်လောက်ကပုံကိုတွေ့လိုက်သည် ထိုသို့သိရတာဟာလည်း ပုံထဲမှာ မိုရ်ရဲ့ဆံပင် တိကေဖြစ်နေတာကြောင့်ပင် မိုရ်ထိုပုံကိုဆွဲပီးနောက်တစ်ပုံကိုကြည့်လိုက်တော့ စာတိုလေးဖြစ်ကာ ထိုထဲမှာ ရေးထားတာက
လမ်းကူးဖို့ရာ တုန်ရီနေတဲ့ငါခန္ဓာကိုယ်ဟာ နတ်သမီးလေးက ကူညီတော့ အကြောက်ကင်းပီး ကူးဖြတ်နိုင်ခဲ့၏
မိုရ် ခုနကပုံကိုပြန်ကြည့်မိတော့ တိကေနဲ့တစ်စုံတစ်ယောက်ကိုလက်ကမ်းပေးနေတဲ့ပုံဖြစ်သလို စာကြောင်းနှင့်ပုံကိုဆက်စပ်ကာ အတိတ်ကိုစဥ်းစားမိပြန်တော့
မိုရ် ကျောင်းမတတ်တာချင်တာကြောင့် ကျောင်းလစ်တာဖြစ်ပီး မဒီလည်းမပါတာကြောင့် ပျင်းတိပျင်းရောဖြင့် တစ်ဖက်လမ်းကို ကူးဖို့ရာပြင်နေတုန်း ဘေးမှာ တုန်ရီနေတဲ့ ဖြူသေးသေးကောင်းလေးကို သတိထားမိသွားသည် ကားတွေရှင်းသွားလည်း လမ်းမကူးသေးဘဲ တုန်ရီနေတာကြောင့် မိုရ်မနေသာတော့ဘဲ
YOU ARE READING
My Sunshine
Humorစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ပြင်ပလက်တွေ့နှင့်ကွာခြားနိုင်ပါသည် တစ်ခါတစ်လေကျရင် ကိုယ်စိတ်ကူးယဥ်ပုံစံထဲကချစ်သူနဲ့ ကိုယ်တစ်ကယ်ချစ်မိသွားတဲ့သူက တူမနေနိုင်ပါဘူး အဲ့ဒီအခါကျရင် ကိုယ်ရဲ့စိတ်ကူးယဥ်ပုံစံက ကိုယ့်အတွက်အရေးမကြီးတော့တာမျိုးလည်းရှိနေနိုင်တယ်လေ