''မိုရ်လေး အခု သားကတုကိုမြင်ပီးပီးဆိုတော့ ပြန်အနားယူရအောင်လေနော်''
''ဟင့်အင်း သမီးမောင့်အနားမှာဘဲနေမှာ ဒီတစ်ခါတော့ မောင့်ဆီကနေထွက်မသွားပါရစေနဲ့ မေမေရယ်''
''ဒါပေမဲ့ သမီးမှနေမကောင်းသေးတာကို''
''ဟုတ်သားဘဲ သမီးရယ် သမီး အမေတို့နဲ့ပြန်လိုက်သွားပါ''
''ဟင့်အင်း မောင်သတိမရမချင်းမောင့်အနားမှာဘဲနေမှာ သမီးကို နှင်မထုတ်ပါနဲ့နော်''
''နှင်မထုတ်ပါဘူးကွယ် အခုပြောနေတာက သမီးလေးကနေမကောင်းသေးလို့ပါ နေကောင်းရင် သားရတုလေးမှာနေနော် သမီး''
''သမီး အခုသက်သာနေပါပီ မောင့်အနားမှာနေပါရစေ''
ဒေါ်သစ္စာမောင် မနေသာတော့ဘဲ
''မင်းနေမကောင်းသေးတာကို ဘာတွေခေါင်းမာနေတာလဲ သွား ပြန်လိုက်သွား မဟုတ်ရင် ငါ့သားကိုတစ်ခြားနေရာကိုပြောင်းပစ်မှာ''''အဲ့လိုတော့ မလုပ်ပါနဲ့အန်တီရယ် သမီးသွားပါ့မယ် ဒါပေမဲ့ သမီးနေကောင်းရင်တော့ မောင်အနားမှာ နေခွင့်ပေးပါနော်''
''အေး အခုတော့ နင့်အမေနဲ့ပြန်လိုက်သွားလိုက်''
ထွက်သွားတဲ့ မိုရ်တို့သားမိကိုကြည့်ပီး
''မိမောင် ညည်းတကယ်ဘဲ သားရတုလေးကို ဒီဆေးရုံကနေပြောင်းမလို့လား''''မဟုတ်ပါဘူး ဟိုကောင်မလေးက အဲ့လိုမှမပြောရင် ပြန်မှာမဟုတ်လို့ပြောလိုက်တာ''
''ညီမလေးရယ်နင် ရတုလေးနဲ့ဟိုကလေးမလေးကိစ္စကိုပြန်စဥ်းစားကြည့်ပါအုံးလား ကောင်မလေးက အလိုလိုက်ခံရလို့ ဆိုးတာဘဲနေမှာပါ နင်ပြေညသလို ရိုင်းရိုင်းစိုင်းစိုင်းကြီးတော့မဟုတ်ပါဘူး ပီးတော့ သားရတုလေးကို အတော်ချစ်ပုံရပါတယ်''
''မောင် ဘာမှမစဥ်းစားချင်သေးဘူး အခုချိန်မှာ သားလေးသတိရလာဖို့ကအရေးကြီးဆုံးဘဲ''
''သားရတုလေးသတိရလာရင်တော့ သူတို့ကို သဘောတူပေးလိုက်ပါ သားရတုလေးက အဲ့ကောင်မလေးကိုမေ့ပစ်ဖို့ထက် သေဖို့လမ်းကိုရွေးချယ်ခဲ့ကတည်းက သားရတုအဲ့ကောင်မလေးအပေါ်ထားတဲ့ ခံစားချက်တွေလေးနက်တယ်ဆိုတာ သိထားပေးပါ ငါဒါဘဲပြောချင်တယ်''
YOU ARE READING
My Sunshine
Humorစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ပြင်ပလက်တွေ့နှင့်ကွာခြားနိုင်ပါသည် တစ်ခါတစ်လေကျရင် ကိုယ်စိတ်ကူးယဥ်ပုံစံထဲကချစ်သူနဲ့ ကိုယ်တစ်ကယ်ချစ်မိသွားတဲ့သူက တူမနေနိုင်ပါဘူး အဲ့ဒီအခါကျရင် ကိုယ်ရဲ့စိတ်ကူးယဥ်ပုံစံက ကိုယ့်အတွက်အရေးမကြီးတော့တာမျိုးလည်းရှိနေနိုင်တယ်လေ