''ဟို ရတု ငါက မိုရ်ကို စေတနာနဲ့ ကျောင်းအရမ်းကြီး မလစ်ဖို့ရာပြောတာပါ အဲ့တာကို သူက ငါရဲ့ပါးကိုရိုက်တယ် ရတုရယ်''
ငိုသံပါနဲ့ ပြောနေတဲ့မိန်းမကြောင့် မိုရ်လက်ပိုက်ကာ လေပူကိုမှုတ်ထုတ်လိုက်မိသည် တော်တော်တတ်လည်းတတ်နိုင်တဲ့မိန်းမ ဒီနှစ်အကယ်ဒမီပေးပွဲကြရရင် ဒီဟာမရလောက်မှာ''ချစ်ပုလေး ဘာတွေဖြစ်နေတာလဲ မောင့်ကိုပြောပါအုံး''
မေချစ်သက်ကိုကျော်ကာ သူမကို မေးလာတဲ့မောင့်ကြောင့် မိုရ်ပြုံးလိုက်မိပီး
''မိုရ် သူ့ကိုအမြင်ကပ်လို့ပါးရိုက်လိုက်တာ သူပြောတာတွေလည်းအမှန်ဘဲ''
''ချစ်ပုလေး လက်တွေတောင်ရဲနေတာ တော်တော်နာနေမှာဘဲ မောင် နောက်ဆို ချစ်ပုလေးကိုတစ်ယောက်ထဲထားခဲ့ရမှာတောင် စိတ်မချတော့ဘူး''
''ဘာမှမဖြစ်ပါဘူး မောင်ရယ် မိုရ်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ပါတယ် မိုရ်ဒီနားမှာနေရတာ စိတ်မွန်းကျပ်လို့ သွားရအောင်နော်''
''ဟုတ်ပါပီဗျာ''
''မေ ကျောင်းလစ်တာက ငါ့သဘောငါ့ဆန္ဒနဲ့ပါ ချစ်ပုလေးနဲ့ဘာမှမဆိုင်ဘူး ပီးတော့ နောက်ကိုပြောစရာရှိရင် ငါ့ကိုပြောပါ ငါမသိဘဲ ချစ်ပုလေးကို ပြောဆိုတာမျိုးတွေ ငါမကြိုက်ဘူး''
မေ သူမပုခုံးကိုတိုက်ကာ မဲ့ပြုံးပြုံးသွားတဲ့မိန်းမကြောင့် အံကိုကြိတ်ထားရင်းက မျက်ရည်ကျလာမိသည် သူမကိုအရေးမလုပ်ဘဲ ဟိုမိန်းမကို ဂရုစိုက်နေတဲ့ ရတုကိုလည်း မုန်းချင်မိသည် တကယ်အရိုက်ခံရတာသူပါ ဒါကို ဟိုမိန်းမကို ဘာကြောင့်များ သည်းသည်းလှုပ်နေရတာလဲ နင်သူ့ကိုဘယ်လောက်ဘဲချစ်ချစ် အဆုံးသတ်မှာ နင်က ငါ့အပိုင်ဘဲ ရတု
''ပါးက နာနေတာမလား ပုဝါလေးနဲ့အသာဖိထားလေ''
''ဘာလဲ နင်က ငါ့ကိုလာပြောင်တာလား''
''ကိုယ် မင်းကိုစိတ်ပူလို့ပါ ရော့ ဒါလေးနဲ့ပါးကိုကပ်ထားလိုက်''
.
.
.
.
.
.
.
.
.
.
ကုက္ကိုပင်အောက်က ထိုင်ခုံတွင် မိုရ်နဲ့မောင်ထိုင်နေကြတာဖြစ်ကာ မိုရ်ကိုဆူလိမ့်မည်ဟုထင်ခဲ့ပေမဲ့ အခုထိ ဘာစကားမှထွက်မလာသေးတဲ့မောင့်ကြောင့် မိုရ်မနေနိုင်တော့ဘဲ
''မောင် မိုရ်ကိုမဆူဘူးလား''
YOU ARE READING
My Sunshine
Humorစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ပြင်ပလက်တွေ့နှင့်ကွာခြားနိုင်ပါသည် တစ်ခါတစ်လေကျရင် ကိုယ်စိတ်ကူးယဥ်ပုံစံထဲကချစ်သူနဲ့ ကိုယ်တစ်ကယ်ချစ်မိသွားတဲ့သူက တူမနေနိုင်ပါဘူး အဲ့ဒီအခါကျရင် ကိုယ်ရဲ့စိတ်ကူးယဥ်ပုံစံက ကိုယ့်အတွက်အရေးမကြီးတော့တာမျိုးလည်းရှိနေနိုင်တယ်လေ