လိပ်ကြီး နိုးလာချိန်တွင် သူ့ရင်ဘက်ပေါ်ကလေးပင်နေတာကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မျက်နှာလေးကြောင့် ပြုံးမိသွားသလို ရင်တွေလည်းခုန်သွားတာကြောင့် တစ်ဖက်သို့လှည့်လိုက်ချိန်တွင် မြင်လိုက်ရတဲ့မျက်နှာကြီးကြောင့်လန့်သွားရတော့သည်
ယခုအခြေအနေက သူကအလယ်မှာရှိနေတာဖြစ်ကာ မဒီနဲ့ ငကြွားက သူ့ကို ခွဖက်ကာ အိပ်ပျော်နေကြခြင်းဖြစ်သည် လိပ်ကြီးလည်း မျက်နှာသစ်ချင်တာကြောင့် သူ့ကိုဖက်ထားတဲ့မဒီ ခန္ဓာကိုယ်လေးကို အသာဘေးဘက်သို့ရွှေ့လိုက်ပီး ငကြွာစကိုတော့ သူ့ခန္ဓာကိုယ်ပေါ်ကနေ အားဖြင့်ဖယ်ချလိုက်သည် ဘယ်ဘဝကတည်းက အိပ်ချင်နေမှန်းမသိတဲ့ ငကြွားက ထိုသို့လုပ်တာတောင်နိုးမလာပေလိပ်ကြီး မျက်နှာသစ်ပီး ရေချိုးခန်းကထွက်လာချိန်တွင် မဒီနားကိုရောက်ခါနီးနေပီဖြစ်တဲ့ ငကြွားကြောင့် သူ့အမြန်ပြေးသွားကာ ဒင်းခန္ဓာကိုယ်ကို ကုတင်အစွန်ဆုံးတွင်ထားလိုက်ပီး အလယ်ကနေ ဖက်လုံးကိုထားနေတုန်း မျက်လုံးပွင့်လာတဲ့ မဒီကြောင့် လိပ်ကြီးပြုံးပြလိုက်ပီး
''နိုးပီလား မဒီ''
''အင်း''
အိပ်မှုန်စုတ်ဖွားဖြင့်ထလာတဲ့ မဒီက ပွယောင်းနေတဲ့ဆံပင်တွေကိုကုတ်ကာ ဖြေလာတာကြောင့် လိပ်ကြီးပြုံးလိုက်မိပီး''အဲ့တာဆို မျက်နှာသစ်တော့လေ ငါတို့မနက်စာသွားစားကြတာပေါ့''
''ေအး အဲ့တာဆို ငါ့စောင့်အုံး ခဏရင်ရယ်''
''အေးပါ ငါစောင့်ပါမယ် သွား သွား''
...
.
.
.
.
.
.
အခန်းထဲကထွက်လာချိန်တွင် မဒီအညောင်းအညာဖြေကာ''မနေ့ညက ငါတော်တော်များသွားတာ ဒီကိုဘယ်လိုရောက်လာမှန်းတောင်မသိဘူး''
''ငါရောဘဲ''
''ဟမ် ငါက နင်ကအရမ်းကြီးမမူးဘူးထင်နေတာ''
''ငါမနေ့က သောက်ကောင်းကောင်းနဲ့သောက်ပစ်လိုက်တာ ဘာမှကိုမသိတဲ့အထိဘဲ''
''အဲ့တာဆို ငါတို့ဘယ်လိုလုပ်ဒီကိုရောက်လာပါလိမ့် ငကြွားများ''
YOU ARE READING
My Sunshine
Humorစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ပြင်ပလက်တွေ့နှင့်ကွာခြားနိုင်ပါသည် တစ်ခါတစ်လေကျရင် ကိုယ်စိတ်ကူးယဥ်ပုံစံထဲကချစ်သူနဲ့ ကိုယ်တစ်ကယ်ချစ်မိသွားတဲ့သူက တူမနေနိုင်ပါဘူး အဲ့ဒီအခါကျရင် ကိုယ်ရဲ့စိတ်ကူးယဥ်ပုံစံက ကိုယ့်အတွက်အရေးမကြီးတော့တာမျိုးလည်းရှိနေနိုင်တယ်လေ