မိုရ်တို့ ကမ်းခြေမှာနေတာနောက်ဆုံးညဖြစ်တဲ့အတွက် အတန်းခေါင်းဆောင်က dinner party
လုပ်မည်ဟုပြောထားသောကြောင့် မိုရ် dinnerအတွက် ဝတ်ရမည့်အဝတ်စားကိုရွေးနေခြင်းဖြစ်သည်''မဒီ ငါနဲ့ဒါဘယ်လိုနေလဲ''
''နင့်စကပ်ကတိုတိုလေး ကလပ်သွားမှာလား dinnerသွားမှာလား''
''အိုကေ ဒါလေးဆိုရင်ရော''
''ရှည်လွန်းတယ်''
''ဒါလေးရော''
''No''
''ဒါလေးရော''
''No''
''အဲ့တာဆို ဒါလေးရောဟင်''
''မဆိုးဘူးလှတယ် အဲ့တာလေးဝတ်ခဲ့တော့ ဒါနဲ့ နင်အင်္ကျီတွေကိုအဲ့လောက်အများကြီးယူလာတာလား''
''အေးလေ ကိုယ်သယ်ရတာမှမဟုတ်တာ ကားပေါ်တင်လာရတာဘဲကို''
''အော် ရွှေဥာဏ်တော်စူးရောက်ပါတယ် အမကြီးရယ်''
''ဟဲ ဟဲ ဒါနဲ့ နင်ကရော ဘာဝတ်မှာလဲ ငါရွေးပေးမယ်လေ''
''တော်ပါ ကျွန်မက ကြည့်မယ့်သူဘယ်သူမရှိဘူး နင်သာ ဘဲရှေ့မှာလှချင်လို့ အဝတ်တွေအများကြီးယူလာတာကို သူ့လိုများမှတ်နေလားမသိဘူး ဟွန့်''
''ငါရဲ့မောင်က ငါဘယ်လိုပုံနေနေချစ်ပါတယ်နော် ''
''အဲ့တာဆို ဘာလို့အင်္ကျီတွေအဲ့လောက်ယူလာတုန်း''
''ဒါကတော့ မောင်ရှေ့မှာအလှဆုံးဖြစ်ချင်တာကိုလို့ ဒါမျိုးတွေနင်သိမှာမဟုတ်ပါဘူး ရေသဖွားချိုးတယဘဲကောင်းတယ် ဘိုင်''
.
''မိမိုရ်မ လူကိုဖဲ့သွားတာ ''
.
.
.
.
.
.
.
.
.
.
.
''ငါ့ကောင်ကြီး လည်တဆန့်ဆန့်နဲ့ ဘာလဲ မိမိုရ်မလာသေးလို့လား''''အင်း ''
''ဟော ပြောရင်းဆိုရင်း မင်းဟာလေးလာပါပီ''
ရတု လိပ်ကြီးအပြောကြောင့် လှည့်ကြည့်လိုက်တော့ အိန်ဂျယ်က ဒူးအထက်ရှိသည့် လက်တစ်လုံး ဂါဝန်အဝဲလေးကို ဝတ်ဆင်ထားကာ ပုခုံးလောက်ရှိသည့် ဆံပင်လေးကိုချထားပီး လေအဝေ့မှာ လွင့်သွားတဲ့ဆံပင်လေးကိုသပ်လိုက်တဲ့ပုံက သူရင်တွေအဆမတန်ခုံလာကာ အိန်ဂျယ်ဆီကအကြည့်ကိုမခွာနိုင်ဘဲ လက်ကကိုင်ထားတဲ့အချိုရည်ခွက်ကလည်း လိပ်ကြီးဘက်သို့ဖိတ်ကျကုန်တော့သည်
YOU ARE READING
My Sunshine
Humorစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ပြင်ပလက်တွေ့နှင့်ကွာခြားနိုင်ပါသည် တစ်ခါတစ်လေကျရင် ကိုယ်စိတ်ကူးယဥ်ပုံစံထဲကချစ်သူနဲ့ ကိုယ်တစ်ကယ်ချစ်မိသွားတဲ့သူက တူမနေနိုင်ပါဘူး အဲ့ဒီအခါကျရင် ကိုယ်ရဲ့စိတ်ကူးယဥ်ပုံစံက ကိုယ့်အတွက်အရေးမကြီးတော့တာမျိုးလည်းရှိနေနိုင်တယ်လေ