part 1

5.5K 116 0
                                    

မှားပြီးတဲ့နောက် (အပိုင်း ၁)

ဘဝမှာ အလိုချင်ဆုံး ဆန္ဒတစ်ခုကို ပြောပါဆိုလျှင် အချိန်တွေကို နောက်ပြန်ရစ်ချင်မိသည်။ ဘယ်အခြေအနေ ဘယ်နေရာဆိုသည်ထက် သူနဲ့ မတွေ့ရသေးသည့် အချိန်တွေကို ပြန်ရောက်သွားချင်သည်။ သူ့ကို မရင်းနှီးသည့် အခြေအနေတစ်ခုကို ပြန်သွားချင်၏။

သူများတွေ ရထားပေါင်း အစီးများစွာ လွဲချော်ခဲ့ကြသလို သူနဲ့လည်း လွဲချော်ခဲ့လျှင် ကောင်းသားဟု တွေးမိသည်။ ဟိုသီချင်းစာသားလိုမျိုးပေါ့။ အစမှာ တို့နှစ်ယောက် မတွေ့ကြရင် ကောင်းသားပေါ့ကွယ် ဆိုသလိုပင်။ တကယ်ကို အစကတည်းက မတွေ့ခဲ့ရင်၊ သူ့ကို မမြင်ခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မည်လည်း။

အခုတော့ ဘယ်ဆီကို ရောက်မှန်း မသိသည့် လူတစ်ယောက်ကို ထိုင်စောင့်နေရသည်မှာ တစ်ခါတလေတော့ ရယ်ချင်စရာကောင်းလေသည်။ သူ့ကို ထိုင်စောင့်နေသည်မှာ ချစ်၍လား၊ သတိရ၍လား၊ ဒါမှမဟုတ် လွမ်းဆွတ်နေ၍လား သေချာရေရေရာရာတော့ ခံစားချက်မရှိပေ။

စိမ့်ဟာ သူ့ကို ထိုင်စောင့်နေသည်မှာ သားအတွက်၊ သား၏ အဖေဆိုသည့် အတွေးတစ်ခုဖြင့်သာ ထိုင်စောင့်နေမိသည်ထင်၏။ စိမ့်နဲ့သူ့ကြားမှာ ချစ်ခြင်းမေတ္တာသည် ရှိခဲ့သည်လား၊ ရှိခဲ့ဖူးရဲ့လားလည်း မသေချာသည့် အရာတစ်ခုဖြစ်လေသည်။ သူ့ဘက်ကတော့ ရှိခဲ့မှာသေချာပါသည်။

ဒါဖြင့် စိမ့်ဘက်ကရော။ စိမ့် သေချာမရေရာသည့် မေးခွန်းမျိုးဖြစ်လေသည်။ သို့ပေမဲ့ စိမ့် သူ့ကို ပြန်လာသေချင်ပါသည်။ စိမ့်မွေးထားသည့် သားအတွက် သူ့ကို ပြန်လာစေချင်ယုံဖြစ်၏။ ကျန်တာကို စိမ့်မတွေးတတ်တော့ပေ။

"စိမ့်ရေ...ကလေးခေါ်ပါဦးကွယ်။ အမေ ခဏပြန်ဦးမယ်။"

ယောက္ခမ၏ အသံစာစာလေးက အိမ်ထဲမှာ ပျံ့လွင့်သွားသည်။ ဒီအိမ်ကြီးထဲမှာ စိမ့်ခင်ပွန်းဆိုသည့် လူတစ်ယောက်ကလွဲလျှင် ကျန်သည့်လူတွေ အားလုံးရှိကြ၏။ မတ်သုံးယောက်ရှိသလို ယောက္ခမနှင့် ယောက္ခထီးလည်း ရှိသည်။ တစ်ခါတရံ စိမ့် အမေနှင့်ယောင်းမဖြစ်သူလည်း ရှိတတ်၏။ သူတို့အားလုံး စိမ့်အနားမှာ ရှိနေကြပေမဲ့ တကယ်တမ်း ရှိနေသင့်သူဟာ ရှိမနေ၍ စိမ့် အနည်းငယ် အောင့်သက်သက်ဖြစ်နေခြင်းမှ လွဲလျှင်အကုန်အဆင်ပြေပါသည်။

မှားပြီးတဲ့နောက်Where stories live. Discover now