မှားပြီးတဲ့နောက် (အပိုင်း ၁၆)
ဇွတ်ရော တင်းရော တိုးဝင်အိပ်နေသည့် ဦးလူဇောကို တအံ့တဩကြည့်ရင်း စိမ့်မှာ ဒီအတိုင်းငြိမ်လိုက်ရလေသည်။ သားလိုမျိုး ချို မတိုက်ခိုင်းတာကိုပင် ပြန်ကျေးဇူးတင်ရမလိုပင်။ သို့သော် သားကို သိပ်သလို အိပ်ပျော်အောင်သိပ်လိုက်ရသည်။
ညနေပိုင်း အတော်လေးစောင်းသည်ထိ သူအိပ်ပျော်နေလျှင် စိမ့် သူ့ကို တစ်ယောက်ထဲထားပြီး သားကနိုးနေ၍ သားကို ခေါ်ပြီးအပြင်ထွက်လာခဲ့လိုက်၏။ သားမိနှစ်ယောက် အိမ်ရှေ့မှာ မြူလိုက်ဆော့လိုက်ဖြင့် ပျော်နေသည်။
သူက အိပ်ရာနိုးလာသည့်အခါ စိမ့်ကိုမတွေ့၍ မှုန်ကုတ်ကုတ်ဖြင့် အပြင်ထွက်လာ၏။ စိမ့်တို့သားအမိကိုကြည့်ကာ...
"ကျုပ်ရေချိုးတော့မယ်"
ပြောချင်သည့် အဓိပါယ်က စိမ့် သားကိုချပြီး သူ့ကိုလာခေါ်။ သူရေချိုးတာကို လိုက်လုပ်ပေး။ သားကိုပဲ ကြည့်မနေနဲ့ဆိုသည့် သဘောမျိုးဖြစ်သည်။ စိမ့် သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးနဲ့ တစ်ချက်မော့ကြည့်ပြီး ခေါင်းညိတ်ကာ လိုက်လာခဲ့၏။ သားကိုလည်း တစ်ဖက်ကချီထားပြီး ခေါ်လာခဲ့လိုက်သည်။
တ်ဖက်က သား၊ တစ်ဖက်က ယောက်ျား။ သားကိုတစ်ဖက်ချီပြီး လက်တစ်ဖက်က သူ့အတွက် အကုန်လိုက်လုပ်ပေးမိသည်။ တဘက်ယူပေးတာ၊ ပုဆိုးယူပေးတာ အကုန်လိုက်လုပ်ပေး၏။
"မင်းရဲ့သားကို ချထားလိုက်"
သားတစ်ဖက်နှင့် လိုက်လုပ်ပေးနေတာကို သူက မကြိုက်သလို ကြည့်ပြီး မေးဆက်ပြကာ ချခိုင်းထားလျှင် စိမ့်သူ့ကို မော့ကြည့်မိ၏။ သို့သော် သူ့အကြည့်တို့ကြောင့် ဘာမှမပြောတော့ဘဲ ခုတင်ပေါ်မှာ သားကို သွားပြန်ချထားလိုက်သည်။ သားက သူ့ကိုချထားလိုက်၍ တအင့်အင့်ငိုချင်သော်လည်း သူ့အဖေ၏ လှည့်ကြည့်လာသည့် အကြည့်တို့ကြောင့် ငိုတောင်မငိုရဲပေ။
မအေကိုပဲ မျက်လုံးလေးတွေ အဝိုင်းသားဖြင့် ငေးကြည့်နေလေသည်။ စိမ့်မှာလည်း သားထက်ပိုပြီး အရေးကြီးသည့် သူ့ကိုသာ အရင်လုပ်ပေးရ၏။ သူချိုးဖို့ သေချာအမြန်လုပ်ပေးပြီး သူရေချိုးခန်းထဲရောက်ပြီဆိုမှ သားအနားကို အမြန်ပြေးသွားကာ မြူလိုက်၏။ သားက စိမ့်ကို တခစ်ခစ်ရယ်ပြလေသည်။ သူ့အဖေ ထွက်မလာခင်လေးမြူနေပြီး သူ့အဖေထွက်လာသည်နှင့် စိမ့်မှာ ချက်ချင်း အနားပြေးသွားရလေသည်။
YOU ARE READING
မှားပြီးတဲ့နောက်
Romanceကျားကိုမှ သွားကစားမိတဲ့ စိမ့်စိမ့်ဆိုတဲ့ ကောင်မလေးနဲ့ လက်ရဲဇက်ရဲ လူဇော်တို့ရဲ့ ဇာတ်လမ်းလေးပါ။