မှားပြီးတဲ့နောက် (အပိုင်း ၇)
သုံးယောက်ပေါင်း၍ အစ်ကိုဖြစ်သူကို အိမ်ပြန်လာအောင်လုပ်မည့် နည်းလမ်းမှာ နည်းနည်းတော့ စွန့်စွားရမည်ဖြစ်သည်။ အခန့်မသင့်လျှင် မရီးကို ထိခိုက်နိုင်သလို မရီးနှင့်ပတ်သတ်ဖူးသည့် ရည်းစားဟောင်းလည်း ဒုက္ခရောက်သွားနိုင်သည့် အနေအထားမှာရှိနေသည်။
"ငါတို့ ဒီလိုလုပ်ဖို့ ဆုံးဖြတ်ပြီးတာ သေချာပြီနော်။"
"သေချာပြီ"
"သေချာတယ်"
သုံးယောက်သား တစ်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်ကာ အစ်ကိုဖြစ်သူ ရှိနေမည့်နေရာပို ဆိုင်ကယ်ကိုယ်ဆီဖြင့် ထွက်လာခဲ့ကြသည်။
"တီး...."
ညီအစ်ကို သုံးယောက်လုံး ခြံရှေ့တစ်ခုကိုရောက်လျှင် ဆိုင်ကယ်ကို ဟွန်းအကျယ်ကြီးတီးလိုက်၏။ သုံးစီးပြိုင်ပြီး တီးလိုက်သည့်အသံကြောင့် အိမ်အပေါ်ထပ်ကနေ လူဇော်က ထွက်ကြည့်သည်။ ထို့နောက် တစ်ချက်လှမ်းအော်၏။
"ဘာလာလုပ်တာလဲ"
"အရေးကြီးကိစ္စရှိတယ်ကိုကြီး"
သူက မျက်မှောင်ကျုံ့ပြီး လှမ်းကြည့်ကာ ...
"ဝင်ခဲ့...."
လူပိုက ခြံစည်းရိုးတံခါးကို ဆင်းဖွင့်သည်။ ကျန်နှစ်ယောက်က အရင်မောင်းဝင်သွားမှ သူက ခြံစည်းရိုးတံခါးပြန်ပိတ်ပြီး လိုက်လာ၏။
"ဘာအရေးကြီး ကိစ္စလည်း"
အပေါ်ထပ်ကနေ ဆင်းလာရင်း သူကမေးသည်။ သုံးယောက်လုံးက သူ့မျက်နှာကိုပဲ စိုက်ကြည့်နေ၏။
"ကိုကြီး...."
လူမော်ကပဲ ဦးဆောင်ပြီး ပြောဖို့ပြင်သည်။ စိတ်ကလည်း အတော်လေး မသက်မသာဖြစ်နေ၏။ လူတို့သုံးယောက်ကိုကြည့်၍ လူဇော်လည်း စိတ်ထဲဘဝင်မကျဖြစ်လာလေသည်။
"ဘာဖြစ်နေကြတာလဲ။ ပြောစရာရှိတာ မြန်မြန်ပြော"
"မရီး နောက်ယောက်ျားယူတော့မယ်"
"ဘာ...."
လူမော်ပြောချလိုက်သည့်စကားကြောင့် လူဇော်မှာ ရုတ်တရက် ဒေါသထောင်းခနဲထွက်သွားလေသည်။ လက်သီးကိုဆုပ်၍ သူတို့သုံးယောက်လုံးကို သေချာကြည့်ကာ....
YOU ARE READING
မှားပြီးတဲ့နောက်
Romanceကျားကိုမှ သွားကစားမိတဲ့ စိမ့်စိမ့်ဆိုတဲ့ ကောင်မလေးနဲ့ လက်ရဲဇက်ရဲ လူဇော်တို့ရဲ့ ဇာတ်လမ်းလေးပါ။