part 14

852 22 0
                                    

မှားပြီးတဲ့နောက် (အပိုင်း ၁၄)

သူထွက်သွားသည့်အခါ စိမ့် ရှုံးပွဲချငိုသည်။ အော်ဟစ်ကာ ရင်ထဲမွန်းကြပ်ပိတ်လှောင်သမျှ ဖွင့်ထုတ်ချလိုက်၏။ အပြင်ကို ထွက်သွားနေပြီဖြစ်သည့် လူဇော်မှာလည်း အိမ်ထံကနေ အော်ဟစ်လိုက်သည့် စိမ့်၏ အသံကိုကြား‌သည့်အခါ လက်သီးဆုပ်ကို တင်းနေအောင် ဆုပ်ပြီး အံကြိတ်ထားလိုက်သာ်။

မျက်နှာတစ်ပြင်လုံး နီရဲလျှက် ရစ်ဝဲနေသည့် မျက်ရည်တို့ကြောင့် မျက်လုံးအိမ်အတွင်းကလည်း နီရဲနေသည်။ သူ့အရှေ့မှာ ကြိတ်ပြီးမြိုသိပ်ထားသမျှ သူ ကွယ်သည်နှင့်ပေါက်ကွဲချလိုက်သည့် စိမ့်ကို သူ နောက်ပြန်လှည့်ကြည့်မိ၏။ သို့သော် ထပ်ပြီး မျက်နှာချင်းတော့ မဆိုင်တော့ပေ။ ရှေ့ကိုသာ ထွက်လာခဲ့လိုက်သည်။

အိမ်ထဲမှာ တစ်ယောက်ထဲကျန်ရစ်ခဲ့သည့် စိမ့်ကလည်း တစ်ယောက်ထဲ အော်ဟစ်ငိုကြွေးလို့ စိတ်ကျေနပ်ပြီဆိုမှ မျက်ရည်တို့ကို သုတ်ကာ လှောင်အိမ်နှင့် တူနေသည့် အိမ်ထဲကနေ အပြင်ကို လှမ်းကြည့်နေမိသည်။

အရင်ကဆိုလျှင် သူက အပြင်မထွက်နှင့်ဟု တားလျှင် ရအောင်ထွက်ခဲ့သည်။ သူက မလုပ်နဲ့ဟု ဆိုလျှက် ရအောင်လုပ်ခဲ့သည်များကို တွေးကာ တစ်ယောက်ထဲ ကြေကွဲစွာ ခပ်ဟဟရယ်လိုက်မိ၏။

"ဘေဘီ...ကိုယ်မရှိတုန်း အပြင်မထွက်ရဘူးနော်။"

အရင်က အပြင်ထွက်ခါနီးတိုင်း သူမှာခဲ့သည့် စကားကိုပြန်ကြားယောက်မိသည်။ စိမ့်ကလည်း သူဒီလိုမှာတိုင်း စိတ်အဆိုးကြီးဆိုးကာ အရွဲ့ပြန်တိုက်တတ်လေသည်။

"ထွက်မှာပဲ။ ခင်ဗျား အပြင်သွားတာနဲ့ စိမ့်လည်း အပြင်ထွက်မှာနော်။ ခင်ဗျားက ဒီနေရာမှာ နေခဲ့ဆိုတာနဲ့ စိမ့်ကနေခဲ့မယ် ထင်နေလား။"

စိမ့်ပြန်ပြောတိုင်း သူက မျက်နှာမကောင်းပေ။ ထိန်းမရသည့် စိမ့်ကို မသိ‌ချင်ယောင်ဆောင်ပြီး လွတ်ပေးထားတတ်သည်။ သို့သော် စိမ့်အပြင်ထွက်လျှင် သူ့လူတစ်ယောက်မဟုတ် တစ်ယောက်ကတော့ အမြဲပါလာတတ်၏။

ထို့သို့ ပါလာခြင်းကိုလည်း စိမ့် အလိုမကျပေ။ အိမ်ထောင်ကျပြီဆိုကတည်းက လွတ်လွတ်လပ်လပ် မသွားရတော့ခြင်းကို မကျေနပ်သလို သူ့ကို ယူဖို့ထိ အစီစဉ်မရှိဘဲ သူ့ကိုကြောက်၍ ယူခဲ့ရသည်ကိုလည်း မကျေနပ်လှပေ။ ထို့ကြောင့် အိမ်ထောင်ကျသည်နှင့် သူ့ကို ရွဲ့ချင်သည့် စိတ်တို့က တားမရဆီးမရ ဖြစ်ခဲ့လေသည်။

မှားပြီးတဲ့နောက်Where stories live. Discover now