မှားပြီးတဲ့နောက် (အပိုင်း ၁၅)
စိမ့်၏ အမေလာမည်ဆိုတာကြောင့် လူဇော်မှာ လိုအပ်တာမှန်သမျှကို အကုန်ဝယ်ခြမ်းပြီး သူလူတွေကို ပို့ခိုင်းလေသည်။ အရင်က စိမ့်တစ်ယောက်ထဲ အထီးကျန်ပြီး ပိတ်မိနေသည့် အိမ်ဟာ အခြတော့ လူအဝင်အထွက်များများနှင့် စည်ကားနေလေသည်။
"ဆရာကတော်....ဒါတွေ ဘယ်နားထားရမလဲ။"
ဘာအိတ်မှန်း မသိ ဆွဲလာပြီး စိမ့်ကိုမေး၍ စိမ့်လည်း သင့်တော်ရာကိုသာ လက်ညိုးထိုးပြလိုက်မိသည်။ သေချာလည်း မကြည့်မိပေ။ ပစ္စည်းလာချလာသည့် ဦးလူဇော်၏ တပည့်က ပြန်သွားပြီးမှ ဦးလူဇော်က ရောက်လာသည်။ ပစ္စည်းတွေတစ်ချက်ကြည့်ကာ ထိုအထုတ်ဆီ အကြည့်ရောက်သွား၏။
"ကျစ်...ဒီအထုတ်ကို ဒီနားထားခဲ့ရတယ်လို့။ အသုံးမကျတဲ့ကောင်တွေ။"
အထုတ်ကိုကြည့်ပြီး သူ့ဘာသာ တစ်ယောက်တည်း ရေရွတ်နေပေမဲ့ အထုတ်ကို ထိုနေရာမှာထားခဲ့ဖို့အတွက် ပြောခဲ့သည့်လူက စိမ့်ဖြစ်နေ၍ မသိသလို မနေနိုင်ပေ။ စိမ့်ကြောင့် တခြားလူက အဆူခံနေရမည်စိုး၍ စိမ့်က ထားခိုင်းခဲ့ကြောင်း ဝင်ပြောမိလေသည်။
"အဲ့ဒါကို စိမ့်ထားခဲ့ခိုင်းလိုက်တာ။ ဘယ်နေရာ ထားရမှန်းမသိဘူးဆိုလို့။ "
သူက စိမ့်ကို တစ်ချက်သာကြည့်ပြီး ဘာမှမပြောတော့ပေ။ သူ့ဘာသာ ဘာအထုတ်မှန်း မသိသည့် အထုတ်ကို မီးဖိုချောင်ထဲယူသွားသည်။ ပြီးနောက် အထုတ်ကိုဖြည်၍ ပစ္စည်းတွေထုတ်မှ အထဲမှာ ဟင်းစားတွေကို ရေခဲပုံးဖော့ဖာအသေးနှင့် ထည့်လာမှန်း သိရသည်။
သူ့ဘာသာ ထုတ်ပြီး သူ့ဘာသာဆေးကြောကာ ရေခဲသေတ္တာထဲကို ထည့်၏။ အိမ်ကို အလည်လာမှာ စိမ့် အမေတစ်ယောက်ထဲပေမဲ့ သူ ဘုပ်ကိုင်နေတာတွေက မနည်းမနောပေ။ စိမ့်အပေါ်မှာ အေးစက်စက်နှင့် နာကျင်အောင်ပြောတတ်ပေမဲ့ ယောက္ခမကိုတော့ ကောင်းကောင်းမွန်မွန် ပြုစုမယ့်ပုံပင်။
ပစ္စည်းတွေသိမ်းစည်းပြီး အပြင်ပြန်ထွက်လာကာ ဖုန်းပြောသံကြားရသည်။ စိမ့်အမေနှင့် ပြောနေပုံရသည်။
YOU ARE READING
မှားပြီးတဲ့နောက်
Romanceကျားကိုမှ သွားကစားမိတဲ့ စိမ့်စိမ့်ဆိုတဲ့ ကောင်မလေးနဲ့ လက်ရဲဇက်ရဲ လူဇော်တို့ရဲ့ ဇာတ်လမ်းလေးပါ။