မှားပြီးတဲ့နောက် (အပိုင်း ၁၂)
မှားပါတယ်။ တောင်းပန်ပါတယ် ဆိုသည့် စကားတွေကိုသာ တဖွဖွပြောနေသည့် ချာတိတ်မလေးကို နောက်ကနေ ပွေ့ချီပြီး သူခေါ်လာလိုက်၏။
"တကယ်တောင်းပန်ပါတယ်လို့။"
သူပွေ့ချီလာတာကိုပင် ထပ်ပြီး တောင်းပန်လို့မပြီးတော့ပေ။ အိပ်ရာပေါ်မှာ ခဏသိပ်ပြီး နာရီကြည့်လိုက်သည့်အခါ ဆယ့်နှစ်နာရီကျော်ကျော် ရှိနေလေသည်။ သူ သက်ပြင်းချပြီး ချာတိတ်မလေးအနားမှာ ထိုင်လိုက်၏။
အိပ်ရာပေါ်ရောက်တော့ တခူးခူးအိပ်ပျော်နေသည်မှာ ကလေးပေါက်စလေးအတိုင်းပင်။ သူ့မှာ ထိုကလေးမအနားမှာ ထိုင်ရင်း နာရီကိုလည်း တကြည့်ကြည့်လုပ်နေရသည်။ သုံးနာရီလောက်ထိုးသည့်အခါ ပြန်ပို့ပေးထားဖို့ သူ မအိပ်ဘဲထိုင်စောင့်၏။ တစ်ခုခုဆို ကလေးမ နာမည်ပျက်ထွက်မှာ သူစိုးလေသည်။ ပတ်ဝန်းကျင်က ဝိုင်းပြောမှာကိုလည်း သူမလိုလားပေ။
သူနှက့်ပတ်သတ်ပြီး ချာတိတ်မကို ဘာတစ်ခုမှ အပြောမခံစေချင်တာဖြစ်သည်။ ပုစွန်ထုတ်လေးလို ကွေးပြီးအိပ်ပျော်နေသည်မှာ သူ့အတွက် ကြည့်မဝ၊ ရှုမဝဖြစ်ရသလို သူပစ်မှားချင်လျှင် ပစ်မှားချင်စရာကောင်းလေသည်။ သို့သော် ချာတိတ်မကို မယူရသေးဘဲ သူ ဘာမှမကျူးလွန်ချင်ပေ။ သူ့စိတ်ကို သူထိန်းချုပ်လျှက် အခန်းပြင်ကိုသာ ပြန်ထွက်လာခဲ့လိုက်သည်။
အထဲမှာ စိမ့်က ကောင်းကောင်းအိပ်ပျော်နေသည့်အချိန် သူက ဆေးလိပ်ကို ဖွာပြီး တံခါးမှူးဖြစ်နေလေသည်။ နာရီသုံးချက်တီးမှ အခန်းထဲကို ပြန်ဝင်လာခဲ့၏။ မဝင်ခင် စိမ့် ခေါင်းကြည်အောင်သောက်ဖို့ အအေးကအစ တစ်ခါထဲမှာပြီး ယူလာခဲ့လိာက်သည်။
"ဘေဘီ...ဘေဘီ..."
"အွန်း...."
"ထတော့...အိမ်ပြန်ရအောင်။ "
"ထချင်ဘူး။ အိပ်ချင်သေးတယ်။ "
"မထလို့ မရဘူးလေ။ အိမ်ပြန်ရမယ်။ ထ...နော်...လိမ္မာပါတယ် ဘေဘီလေးက။ "
သူအတင်းနိူးပြီး အအေးကို ပါးစပ်ထဲအရသ်ဝင်အောင် တိုက်ရသည်။ အအေးဝင်တော့ မျက်လုံးလေးပွင့်လာ၏။ သူ့ကို ကြည့်ကာ ပြီးမှဘေးဘီကိုတစ်ချက်ကြည့်ပြီး ...
YOU ARE READING
မှားပြီးတဲ့နောက်
Romanceကျားကိုမှ သွားကစားမိတဲ့ စိမ့်စိမ့်ဆိုတဲ့ ကောင်မလေးနဲ့ လက်ရဲဇက်ရဲ လူဇော်တို့ရဲ့ ဇာတ်လမ်းလေးပါ။