Unicode
ငါဟာတစ်ယောက်ထဲလမ်းတွေပေါ်
ဂျစ်ပစီလိုပဲခရီးနှင်ချိန်
နေဝင်ညများဖြတ်ကျော်ကာ
အချိန်တွေလည်ပတ်ခဲ့..ပူလောင်နေတဲ့ကိုယ့်ဘဝထဲ
အနွံတာခံပြီးရောက်လာသူ
ဘယ်သူနဲ့မှ အစားမထိုးနိုင်တယ်
ကိုယ့်ဘဝအတွက်
ဒီတစ်ယောက်ထဲချစ်မယ်....ဥာဏ်မင်းမောင်သည် သူ၏ စိတ်လှုပ်ရှားမှုများအား earphone မှ တစ်ဆင့်ကြားနေရသော သီချင်းများဖြင့် ဖြေဖျောက်နေရ၏။သူဘဝတွင် ပထမဦးဆုံး ဖြေရမည့် media interview တစ်ခု။သူ့လက်ဖျားများ အေးစက်နေ၍ နှုတ်ခမ်းများက မသိမသာတုန်လှုပ်နေသည်။
သူ့မျက်စိရှေ့တွင် မီဒီယာသမားများ၏ ပြင်ဆင်မှုများက ရောက်ယှက်ခက်နေ၏။ဘေးပတ်ပတ်နံရံများတွင် ဓါတ်ပုံများစွာ ချိတ်ဆွဲထားလေသည်။တစ်ပုံမှာ အင်းလေးမှာတုန်းက သူရိုက်ခဲ့သော လှေ၅စီး ခေါင်းချင်းစုံ၍ အင်းသူလေးတွေ ဆီမီးထွန်းနေသည်အား အပေါ်စီးမှ ရိုက်ထားသည့် ပုံ။တစ်ပုံက သူချင်းတောင်တန်းဘက် သွားတုန်းက ရိုက်ခဲ့သော တောင်ဇလပ်ပန်းများနှင့် သစ်ခွပင်များပုံသာ ဖြစ်သည်။ချိတ်ဆွဲထားသော ပုံတွေအားလုံးဟာ သူအနှစ်သက်ဆုံး ဓါတ်ပုံများသာ ဖြစ်သည်။သူသည် ရိုက်ကူးရေးမစမှီ ဓါတ်ပုံများအား စိတ်လိုလက်ရ ပြန်ကြည့်လိုက်ပြီး မျက်လုံးများသည် တစ်စုံတစ်ရာနှင့် တွေ့ဆုံမိလိုက်သည့်အခါ သူသည် အရာအားလုံးတန့်ခနဲဖြစ်သွား၏။
သူမြင်တွေ့လိုက်ရတဲ့ အရာလေးက ပြာလွင်လွင်လေးသာ။ပင်လယ်ရေပြာတွေ လှိုင်းခတ်နေသည့် အရာလား။ကောင်းကင်ပြာရဲ့ အလှပဆုံးအချိန်လား။အပြာရောင်ကို ကိုယ်စားပြုတဲ့ အရာလေးဟာ ကိုယ့်ရဲ့ ကောင်းကင်ပြာကလေးလား။ကိုယ့်ရဲ့ ပင်လယ်ပြာလေးလား။ဒါမှမဟုတ် ကိုယ် သိပ်ချစ်ရတဲ့ မျက်ဝန်းပြာလေးလား။ဟုတ်တာပေါ့။သည်မျက်ဝန်းပြာလေးဟာ သူ့ဘဝမှာ ရင်နှင့်အမျှ သဘောကျနှစ်ခြိုက်ခဲ့ရသော အရာလေး မဟုတ်ပါလား။သူသည် အပြုံးမမည်သော အပြုံးတစ်ခုကို မပီမသတပ်ဆင်ရင်း ထို ဓါတ်ပုံလေးအား လက်ညိုးထိပ်ကလေးဖြင့် အသာအယာပွတ်ဆွဲလိုက်မိ၏။အဲ့အချိန်တုန်းက မင်း သိပ်ပျော်ခဲ့တယ် မဟုတ်လား။မင်းရဲ့မျက်ဝန်းပြာတွေကို မှတ်တမ်းတင်ခဲ့တဲ့ ကိုယ်လည်း သိပ်ပျော်ခဲ့တာပေါ့လေ။