အပိုင်း(၁၆)

842 56 9
                                    

Billie Eilish_Wildflower

Unicode

"ယံလေး တော်ပြီ မသောက်နဲ့တော့ "

ဥာဏ်မင်းမောင် တားတော့ သူ့လက်ထဲက နောက်ဆုံးလက်ကျန် ဝိုင်ကို မော့မသောက်ဖြစ်ဘဲ သူ ဥာဏ့်ကို ခပ်စူးစူးကြည့်လိုက်မိလေသည်။သို့သော် သူ့အကြည့်တွေက ဝိုင်အရှိန်ကြောင့် ရီဝေဝေလေး ဖြစ်နေလေသည်။ဥာဏ်က ဘာမှဆက်မပြောတော့ သူ လက်ကျန်ဝိုင်ကလေးကို မော့သောက်ပစ်လိုက်၏။
ဘေးက လူတွေရော၊ဥာဏ်မင်းမောင်ရော သူ ဝိုင်ကို သိပ်ကြိုက်လို့ သောက်နေတာဟု ထင်ကောင်းထင်နိုင်မည်။သူ ဝိုင်ကို မကြိုက်ခဲ့ပါ။စူးစူးရှရှ ချိုချိုခါးခါး အရသာကြီးကို သူ ကြိုက်မနေခဲ့ပါ။ဒါပေမယ့် သူ ဥာဏ်မတားမချင်း သောက်နေခဲ့ပါသည်။ဥာဏ် မသောက်စေချင်မှန်းသိလို့ သောက်နေခဲ့ပါသည်။သူ လိုလားပါသည်။သူ ဥာဏ့်ရဲ့ဂရုစိုက်မှုကို လိုလားခဲ့ပါသည်။အဲ့တာကို သူလိုချင်လို့ပဲ ဥာဏ်မကြိုက်တာ မှန်သမျှ အကုန်လုပ်လာခဲ့တာပဲ မဟုတ်လား။ဥာဏ် မင်း သိသင့်ပါတယ်။

မိုးညတိမ်ယံ သူ့လက်ထဲက ကုန်သွားသော ဝိုင်ခွက်ကြောင့် ထပ်သောက်ရန် တစ်ဝက်လောက်ကျန်သေးသော ဝိုင်ပုလင်းကို ယူလိုက်ပြီး ထပ်ထည့်ရန် ပြင်လိုက်၏။

"တော်ပြီဆိုကွာ ဆက်သောက်ရင် မင်းမူးမယ် ယံလေး အိမ်က ပြန်ရဦးမယ်"

မိုးညတိမ်ယံ သူ့လက်ထဲက ဆွဲလုခံလိုက်ရသော ဝိုင်ပုလင်းကို ကြည့်ကာ သူ့နှုတ်ခမ်းလေးများ အသာကလေးပြုံးသွားလေတော့သည်။ထို့နောက် သူ ဝိုင်ထပ်မသောက်ဖို့ ဆုံးဖြတ်လိုက်သောကြောင့် သူ ဥာဏ်ကို ဘာမှပြန်ပြောမနေတော့ပါ။ထို့နောက် မိုးချုပ်နေပြီဖြစ်၍ ဥာဏ်မင်းမောင်က အိမ်ပြန်ကြရအောင် ပြောလာတော့ မိုးညတိမ်ယံ နေရာမှ ထရပ်လိုက်လေသည်။သူ ထင်ထားသလို မတ်မတ်ရပ်ရပ်ဖြစ်မနေခဲ့ပါ။ယိုင်တိယိုင်တိုင်သာ ဖြစ်နေလေသည်။ဟုတ်တာပေါ့။သူ အသိစိတ်သာ ကပ်နေတာ လူက မူးချင်ချင်ဖြစ်နေပြီလေ။မကြာပါ သူ ဥာဏ့်ရဲ့ သက်ပြင်းချသံကို ကြားလိုက်ရပါသည်။သူ့ ခါးဆီရစ်ပတ်လာတဲ့ နွေးထွေးတဲ့ လက်တစ်စုံ၊သူ့ညာဘက်လက်တစ်ဖက်က ဥာဏ့်ရဲ့ ပုခုံးပေါ် ကျရောက်လို့နေပြီးဖြစ်နေသည်။

Essential Where stories live. Discover now