အပိုင်း(၄)

1.5K 68 17
                                    

Unicode

သည်ကနေ့ ဥာဏ်မင်းမောင်သည် မဆော့အားတော့သဖြင့် သူ့ဆီဆော့ရန်လာခေါ်သော သူငယ်ချင်းများအား ဘူတောတောလေးဖြင့် ငြင်းလွှတ်လိုက်ရ၏။သည်နေ့တော့ သူမအားပါ။သူသည် မိုးညတိမ်ယံအိမ်ကို သွားရမည်ဖြစ်သောကြောင့် ကိုကြီးဆီလည်း သူမသွားဖြစ်တော့ပါ။

ဥာဏ်မင်းမောင်သည် စားပွဲပေါ်ရှိ သင်ခန်းစာ စာအုပ်မှန်သမျှကို အကုန်သိမ်းကျုံးထည့်ကာ ကျောပိုးလွယ်အိတ်ကို လေးလေးပင်ပင်နှင့် သယ်လိုက်ရသဖြင့် အိတ်လေးမှာ သူ့နောက်ကျောတွင် အိတွဲကျနေလေ၏။မိုးညတိမ်ယံနှင့် သူ့အိမ်သည် အိမ်ချင်းသိပ်မဝေးသောကြောင့် ဂိုထောင်ထဲက သူ့စက်ဘီးလေးကို မထုတ်ဖြစ်တော့ဘဲ လမ်းလျှောက်သွားဖို့ဘဲ ဥာဏ်မင်းယံ ဆုံးဖြတ်လိုက်လေသည်။

ထိုသို့ဖြင့် သူသည် လေးပင်လာသော လွယ်အိတ်ကြီးအား သယ်ဆောင်လာ၍ မိုးညတိမ်ယံတို့ အိမ်ရှေ့ရောက်သောအခါ သူ့လက်ပတ်နာရီလေးဆီ တစ်ချက်ကြည့်လိုက်မိသည်။အချိန်အားဖြင့် ညနေ၅နာရီ။မိုးညတိမ်ယံသည် အိမ်အပြင်သိပ်မထွက်လှ။အိမ်တွင်းပုံးတစ်ကောင်ကြွက်ပေမို့ သူဘယ်ချိန်သွားသွား တွေ့နိုင်မည်ဟု တွေးထင်ထား၍ အိမ်ကနေ ကြိုက်သည့်အချိန် သူထွက်လာခဲ့ပါသည်။

အိမ်ထဲရောက်သည့်အခါ၌လည်း သူ့အား အန်တီနှင့်ဦးလေးမှလွဲ မကြိုဆိုသူ မိုးညတိမ်ယံကို TVကြည့်နေလျက်သား တွေ့ရပါသည်။

"သားဥာဏ်တောင်လာပြီပဲ လာလာ သား မင်း သူငယ်ချင်းက Tvကြည့်နေတယ်"

ဥာဏ်မင်းမောင် နှုတ်ခမ်းလေးဟကာ အံ့သြသွား၏။Tvရှိသူသည် သူတို့ရပ်ကွက်၌ အလွန်နည်းပါးလွန်း၍ လက်ချိုးရေလို့တောင်ရသည်။ကိုကြီးအိမ်နှင့် မိုးညတိမ်ယံရဲ့ အိမ်မှာပဲ သူTvကို တွေ့ဖူးသည်။

"သားယံ သူငယ်ချင်းလာနေတယ်လေ"

အန်တီခိုင်မျိုးဆွေက Tvကြည့်မြဲအတိုင်းနေနေသော မိုးညတိမ်ယံကို အသိပေးသလို တစ်ချက်ပြောသည့်အခါ မိုးညတိမ်ယံက Tvကို ပိတ်လိုက်ပြီး နေရာမှထလာသည်။

"သားတို့ အခန်းထဲသွားကြနော် စာကူးကြမယ်မဟုတ်လား အန်တီ မုန့်တွေယူလာမယ် သွားသွား"

Essential Donde viven las historias. Descúbrelo ahora