Unicode
"ကျစ်"
မိုးညတိမ်ယံ သူရှေ့က မျက်နှာငယ်လေးများဖြစ်နေကြသော ဂျူနီယာကျောင်းသားလေးများကို စိတ်ရှုပ်သလို ကြည့်ရင်း ကျစ်တစ်ချက် စုတ်သတ်မိလိုက်၏။နောက်၂ပတ်လောက်နေရင် ပြိုင်ပွဲက ဝင်ပြိုင်ရတော့မည်။အခုချိန်ထိ ဆိုက်ဒရမ်ကို noteမှန်အောင် မတီးတတ်သေး။ထပ်ခါထပ်ခါမှားလေ မိုးညတိမ်ယံ ပို၍ စိတ်တိုရလေ။၆တန်းနှစ်လောက်မှာ မိုးညတိမ်ယံတို့နှစ်က ဘင်ခရာစတင်သင်ကြားရတော့သည်။ထုံးစံအတိုင်း ဥစ္စာပေါ ရုပ်ချော မော်ဒန်အရပ်နဲ့ ဥာဏ်မင်းမောင်ကတော့ သူ့အစ်ကို ခြေရာကို အမှီလိုက်ပြီး ကျိုင်းကိုင်ရသည်။သူကတော့ နွေရာသီ ကိုရင်ဝတ်လိုက်ကတည်းက ရှည်လာလိုက်တဲ့အရပ်ဆိုတာ အိမ်က ဖေဖေ့အရပ်နဲ့ နင်လားငါလား။သို့သော် ဥာဏ်မင်းမောင်ကို သူ ဘယ်သောအခါမှ မှီမှာမဟုတ်ချေ။ဥာဏ်မင်းမောင်က ကျိုင်းကိုင်ရင် သူက ဆိုက်ဒရမ်အဖွဲ့ထဲပါသည်။ငယ်ငယ်က လိုက်ရလိုက်တဲ့ ဘင်ခရာပွဲ။တဖြည်းဖြည်းနဲ့ အတန်းကြီးလာလေလေ မိုးညတိမ်ယံနှင့် အတန်းသားများ နေသားတကျဖြစ်လာ၍ မိုးညတိမ်ယံမှာ သူတို့အတွက် အထူးအဆန်းမဟုတ်တော့ပေ။
အခု ၉တန်းရောက်တော့ သူတို့ ဘင်ခရာပွဲတွေ နားလိုက်ရပြီ။သို့သော် ဂျူနီယာလေးများအတွက် ပြိုင်ပွဲကာလများစလာပြီဖြစ်၍ သူနဲ့ ဥာဏ်မင်းမောင်က ဘင်ခရာအဖွဲ့အတွက် ထရိန်နင်ပေးဖို့ ဖြစ်လာခဲ့သည်။တစ်ခါတစ်ခါ မိုးညတိမ်ယံ စိတ်မရှည်လျှင် ပညာကလည်း ပြတတ်သေးသည်။သြဇာသီးကလည်း ကျွေးတတ်လွန်းလို့ ပန်းပွားအဖွဲ့က မိန်းကလေးတွေရဲ့အမြင်ကတ်တာကို ခံရသည်။
ဥာဏ်မင်းမောင်ကတော့ ကျိုင်းကိုင်သမားကို တာဝန်ယူရသည်။ပုလွေသမားတွေအတွက်ကတော့ ကြုံတဲ့သူ ဝင်သင်ပေးလိုက်သည်။အခုတော့ သူ ဆိုက်ဒရမ်သမားများနဲ့ ဘာကိုမှလှည့်မကြည့်နိုင်။သူ စိတ်ကိုဆွဲဆန့်၍ ရှေ့က ဆိုက်ဒရမ်ကျောင်းသားလေး ၃ယောက်ကိုကြည့်ကာ