အခန်း (၄) ပထမဆုံး စီးပွားရှာခြင်း
လီဖူသည် ရိုက်နှက်မှုကြောင် နာကျင်သွားပြီး လက်ကို အမြန်ပြန်ရုတ်လိုက်သည်။ တချိန်တည်းမှာပင် သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်လိုက်သည်။ "ဘာလို့ ငါ့ကိုရိုက်တာလဲ"
"ငါ နင့်ကို ထိုင်ခိုင်းလား"ဟု လီယောင်က အေးတိအေးစက်ဖြင့် မေးလိုက်သည်။ "ငါ နင့်ကို စားခိုင်းလား"
လီဖူတယောက် သူ့အမကြီးထံမှ ဤသို့စကားများကို ထွက်လာသည်ကို ယုံကြည်ဖို့ ခက်ခဲလွန်းလှသည်။ သူ့အစ်မကြီးသည် သူ့အား အမြဲတမ်း အလိုလိုက်ပြီး သည်းခံခဲ့လေသောသူလည်း ဖြစ်သည်။
"ဒါက ဘာကိုပြောတာလဲ အစ်မ"ဟု လီဖူက ပြောခဲ့သည်။ "ဒါက ကြက်သားနည်းနည်းလေးလေ။ မျှစားဖို့ကို နင်က ဝန်လေးနေတာလား။ အနာဂတ်မှာ နင့်ဆီမှာ အခက်အခဲရှိရင် ငါတို့ကို ကျောထောက်နောက်ခံ မလိုချင်တော့ဘူးလား "
လီယောင်လည်း စိတ်မရှည်ဖြစ်လာကာ "ငါ ဂရုမစိုက်ဘူး၊ ထွက်သွားစမ်း။"
"ထွက်သွားစမ်း"ဟူသော စကားလုံးတလုံးသည် လီဖူကို ဒေါသ အပီအပြင် ထွက်စေခဲ့သည်။ သူ၏ အစ်မကြီးသည် သူ့အား ဘယ်တုန်းကမှ နစ်နစ်နာနာဖြစ်အောင် ရိုင်းပျစော်ကားခြင်းမရှိခဲ့ချေ။
သူသည် ချက်ချင်းဆိုသလို မတ်တပ်ထရပ်ကာ လီယောင်အား လက်ညှိုးထိုးပြီး စတင်ဆဲဆိုခဲ့တော့သည်။ "နင့်မှာ ကြက်နှစ်ကောင်ရှိနေလို့ နင့်ကိုနင် အရမ်းတော်နေပြီလို့ ထင်နေတာလား။ နင်က နင့်မိသားစုကိုတောင် အသိအမှတ်မပြုတော့ဘူး။ နောက်နောင် နင့်မိသားစုမှာ အခက်ကြုံလာရင် ငါ့မိသားစုနာမည် "လီ"လို့ မသုံးရတော့ဘူး ဆိုရင်တောင် နင့်တို့ကို ကူဖို့ တခွန်းမပြောပေးတော့ဘူး"
လီယောင်သည် တာ့ကျွမ်းဘက်ကို လှည့်လိုက်ပြီး "သူ့ကို တုတ်နဲ့ရိုက်လိုက်စမ်း"ဟု ပြောလိုက်သည်။
ထိုစကားကို တာ့ကျွမ်းကြားလိုက်သောအခါ ချက်ချင်းပင် တံခါးနောက်ရှိ သစ်သားတုတ်ရှည်ကို ထုတ်ယူခဲ့သည်။
ဒီဦးလေးကို သူ သည်းခံခဲ့သည်မှာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ အခွင့်ကြုံလာခဲ့လျှင် သက်ညှာသနားတော့မည် မဟုတ်ချေ။
YOU ARE READING
ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ၏ အတိတ်ဆီသို့ အလည်တစ်ခေါက်
Historical Fictionအပိုင်း 233 ရှိပြီး အပ်ဒိတ် တစ်ပတ် 2 ပိုင်း။