Ch-10

410 57 2
                                    

ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ

ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ဖော်စပ်နည်းသည် မိသားစုအတိုင်းအတွက် မတူပေ။

လီယောင်သည် စမ်းသပ်စစ်ဆေးပြီး အမှားများမှတဆင့် သူမ၏ ကိုယ်ပိုင်ဖော်စပ်နည်းကို တိုးတက်ပြောင်းလဲခဲ့သည်။ ၎င်းသည် ဘယ်လိုအင်းဆက်ပိုးမွှားများ အကိုက်ခံရစေကာမူ ချက်ချင်းအလုပ်ဖြစ်ခဲ့သည်။

တစ်ခုတည်းသော အားနည်းချက်မှာ နှစ်လိုဖွယ်ကောင်းသည့်ပုံ မပေါ်ခြင်းပင် ဖြစ်သည်။

ဤအချက်ကို သူမ ဖြေရှင်းနိုင်ခဲ့ပါက နောက်ထပ် အကျိုးအမြတ်ရှိသော လုပ်ငန်းတခု ဖြစ်လာနိင်ပေသည်။ ယခုအချိန်တွင်မူ အစားအသောက်နှပ်ဆိုင်အား ကလေးများကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သဖြင့် တဖြည်းဖြည်းချင်း လေ့လာရန် အချိန်ရှိနေပြီ ဖြစ်ပါသည်။

သို့သော် သူမ မတ်တပ်ထမခင်ခင်မှာပင် ဝမ်ရှောင်စစ်သည် အိပ်ခန်းအတွင်းသို့ အမောတကော ပြေးဝင်လာခဲ့သည်။ "အမေ၊ အကြီးဆုံး အစ်ကိုကြီး ရန်ဖြစ်နေတယ်။"

"ဘယ်သူနဲ့လဲ၊ ဘယ်မှာလဲ"

"ကျူးယိုကွေ့နဲ့၊ ရေတွင်းနားလေးမှာ"

ဟဲဝမ်ရွာတွင် ရေတွင်း ခုနစ်တွင်း ရှိသည်။

မိုးခေါင်ခြင်းက ပိုဆိုးလာသည့်အတွက် ၎င်းတို့အနက်မှ ရေတွင်း ၆ခုသည် ရေခန်းခြောက်ခဲ့ပြီး ရွာသားထောင်ကျော်ကို ရေထောက်ပံ့ရန် တွင်း ၁တွင်းသာလျှင် ကျန်ခဲ့သည်။

နောက်ဆုံး ရေတွင်း၏ ရေအနက်သည်ပင် တနေ့တခြား လျော့နည်းလျှက် ရှိနေသည်။ ထို့အတွက် နေ့တိုင်း ဆိုင်မဖွင့်မှီ တာ့ကျွမ်းသည် တနေ့တာအတွက် ရေအလုံအလောက်ကို သွားခပ်ခဲ့သည်။

သူသည် အလုပ်လုပ်ကာ ငွေရှာနိုင်ကတည်းက တခြားသူများသည် သူ့အား မနာလို ဖြစ်နေခဲ့ကြသည်။ ကျူးယိုကွေ့သည် အရင်ရက်က လီယောင်ကို ရှုံးခဲ့သည့်အတွက် တာ့ကျွမ်းအား ရေအများအပြား ခပ်ယူရန် ခွင့်မပြုခဲ့ပေ။

ရေမရှိခြင်းသည် အသားနှပ်မရှိခြင်းဟု ဆိုလိုသည်။ ။ ဒါ့အပြင် ရေမရှိလျှင် လီယောင်လည်း ရေချိုးနိုင်မည် မဟုတ်ဟုလည်း ဆိုလိုသည်။ ထို့အတွက် တာ့ကျွမ်းသည် ၎င်းကို ခွင့်မပြုနိုင်ချေ။

ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ၏ အတိတ်ဆီသို့ အလည်တစ်ခေါက်Where stories live. Discover now