အဘိုး ဝမ်ကျားကွေ့က ကူညီရန် ရောက်လာခဲ့သည့်အတွက် ရေတွင်းတူးခြင်းကို မရပ်ပဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။
"ကောင်မလေး၊ မြန်မြန်လုပ်၊ မင်းတို့အဘိုးကို စားစရာ တခုခု ထည့်ပေးလိုက်ဦး"
"ဟုတ်ကဲ့ပါ"
ပြောင်းဆန်ယာဂုပူပူနွေးနွေး ပန်းကန်လုံးကြီးတစ်လုံး၊ ကြီးမားလုံးဝန်းသော ပေါက်စီဖြူဖြူဖွေးဖွေး တစ်ပန်းကန်၊ ကြက်ဥပြုတ်တစ်လုံးနှင့် ကြွပ်ယွလတ်ဆတ်နေသော မုန်လာဥဆားရည်စိမ်တို့ ဖြစ်သည်။
ဝမ်ကျားကွေ့သည် ဤကဲ့သို့ ငွေကုန်ကြေးကျများပြီး ခမ်းနားများပြားလှသော နံနက်စာကို နောက်ဆုံးစားခဲ့ရသည့် အချိန်ကိုပင် မေ့နေခဲ့ပြီ ဖြစ်သည်။ အမှန်တကယ်တမ်းကတော့ သူသည် သူ့ဘ၀တွင် ဤကဲ့သို့ ခမ်းနားသည့် နံနက်စာကို တခါမျှ မစားခဲ့ရဖူးပေ။
သူ့ချွေးမသည် ခက်ထန်သည်ဟု ထင်ရသော်လည်း သူ့အပေါ်တွင်မူ အတော်အတန်ပင် ၀တ္တရား ကျေပွန်နေဆဲ ဖြစ်သည်။
သူ၏ ကျေနပ်စဖွယ် ဖြည့်တင်းစားသောက်ပြီးနောက် ဝမ်ကျားကွေ့သည် ရေတွင်းကို စတူးခဲ့သည်။ နောက်ဆုံးတွင် သူသည် အသက်အရွယ်တချို့ရလာပြီ ဖြစ်သည့်တွက် သန်မာသော လူငယ်တစ်ယောက်ကဲ့သို့ သွက်သွက်လက်လက် မလုပ်နိုင်တော့ပေ။ နာရီဝက်မျှတူးပြီးနောက် အနားယူရန် တက်လာခဲ့ရသည်။
"ဝမ်အာ"
အိမ်နီးချင်း၏ အကြီးဆုံးသမီးဖြစ်သူ တုရှောက်ဟွေ့သည် ခြံအပြင်ဘက်ဆီမှ ဝမ်အာကို မဝံ့မရဲဖြင့် လှမ်းအော်ခေါ်ခဲ့သည်။
"ဘာဖြစ်လို့လဲ"
"အမ်... အမေက နင်တို့ အကူအညီလိုသေးလားလို့ ငါ့ကို မေးခိုင်းလိုက်လို့။"
"ခဏနေဦး။ အမေ့ကို သွားမေးလိုက်ဦးမယ်။"
အဘိုးက လာရောက်ကူညီခြင်းကို လီယောင် မအံဩခဲ့သော်လည်း အိမ်နီးနားချင်းများက ကူညီရန် လာရောက်ကြခြင်းသည် သူမအား တော်တော်ကို အံအားသင့်စေခဲ့သည်။
ရှေးခေတ်ကတည်းက ယောက္ခမ၊ ယောင်းမနှင့် အိမ်နီးနားချင်းတွေသည် ကိုင်တွယ်ရန် အခက်အခဲဆုံး ဆက်ဆံရေး သုံးခုဟု ပြောခဲ့ကြပြီး မူလကိုယ် ကိုယ်တိုင်သည်လည်း လူတိုင်းနှင့် ဇာတ်ရှုပ်ကာ ရှုပ်ထွေးနေခဲ့ကြသည်။ ဟုတ်ပေသည်။
YOU ARE READING
ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ၏ အတိတ်ဆီသို့ အလည်တစ်ခေါက်
Historical Fictionအပိုင်း 233 ရှိပြီး အပ်ဒိတ် တစ်ပတ် 2 ပိုင်း။