Ch-7

385 50 0
                                    

အခန်း (၇) ဒီနေ့ ဝက်သားဟင်းစားမယ်

တစ်မနက်ခင်းလုံး ဟဲရှောင်ယာတယောက် ဂနာမငြိမ်ဖြစ်နေခဲ့ပြီး တံမြက်စည်း လှည်းနေချိန်မှာပင် စိတ်ပါလက်ပါ မရှိခဲ့ပေ။ ပိုက်ဆံ အများကြီး သုံးထားခဲ့ပြီး၊ ရောင်းမကုန်ပဲ အရှုံးပေါ်ခဲ့ပါက... ဟု သူမ စိုးရိမ်ပူပန်နေခဲ့သည်။

"အကြီးဆုံးခယ်မ၊ ကျွန်တော်တို့ ပြန်လာပြီ။"

ဝမ်ရှောင်စစ်သည် လေတပ်မှူးတစ်ယောက်ကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ဝက်သား သုံးပေါင်ခွဲကို သယ်ကာ အိမ်ထဲ့သို့ တရကြမ်း ဝင်ရောက်လာခဲ့သည်။

"ဘယ်လိုသွားပြီလဲ၊ အကုန်ရောင်းခဲ့တာလား"

"ရောင်းကုန်တာ ကြာပေါ့" ဟုတ် ဝမ်ရှောင်စစ်သည် အားရဝမ်းသာ ပြောခဲ့သည့်။

"အကြီးဆုံးခယ်မ၊ ကျွန်တော်တို့ပိုက်ဆံ ဘယ်လောက်ရခဲ့လဲ မှန်းကြည့်"

"မြန်မြန်ပြောစမ်းပါ။ ငါဖြင့် စိတ်တွေပူလှပြီ"

"၃၂၅ ဝမ်"

ဟဲရှောင်ယာ၏ နှလုံးသားများ ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

နေ့တိုင်းသာ ဤမျှ ရှာနိုင်ခဲ့လျှင် သူမတို့သည် ထပ်မံ၍ ဆင်းရဲဒုက္ခများကို တောင့်ခံရန် မလိုအပ်တော့ချေ။ သူမ၏ မိသားစုသည် တာ့ကျွမ်းကို အထင်အမြင်သေးတော့မည် မဟုတ်ပဲ သူမ၏ မိဘအိမ်သို့ ပြန်လာခြင်းကိုလည်း တားဆီးတော့မည် မဟုတ်ချေ။

ထိုသို့ စဉ်းစားလိုက်ရုံမျှဖြင့် ဟဲရှောင်ယာသည် နှာခေါင်းထိပ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး မျက်ရည်များ ကျလာတော့မည့်အတိုင်း ခံစားလာခဲ့ရသည်။

"အကြီးဆုံးခယ်မ၊ ဘာလို့ ငိုနေတာလဲ။"ဟု ဝမ်ရှောင်စစ်က မေးခဲ့သည်။

"ဘာမှ မဟုတ်ပါဘူး" ဟဲရှောင်ယာက သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး "ငါတို့အမေ ဘယ်မှာတုန်း" ဟု မေးလိုက်သည်။

"သူတို့က အနောက်မှာ။ မကြာခင် ရောက်လာလိမ့်မယ်။" ဝမ်ရှောင်စစ်က ဝက်သားများကို သူမအား ပေးလိုက်ရင်း "မေမေက ဒီညစာ ငါတို့ ဝက်သားနှပ်စားမယ်လို့ ပြောတယ်"ဟု ပြောခဲ့သည်။

ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ၏ အတိတ်ဆီသို့ အလည်တစ်ခေါက်Where stories live. Discover now