လီယောင်သည် ဝမ်အာကို သီးသန့်မေးမြန်းရန် ခေါ်ခဲ့သည်။
"မေမေ၊ ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် ဦးလေးငယ်ကို မရိုက်ခဲ့သင့်ပါဘူး။" ဝမ်အာသည် ယနေ့တွင် သူကြောင့် ပြဿနာဖြစ်စေခဲ့သည်ကို သိသောကြောင့် ချက်ချင်းပင် သူ့အမှားများကို စ၍ ဝန်ခံခဲ့သည်။
"မဟုတ်ဘူး၊ မင်း ဘာမှမှားခဲ့ဘူး။ မင်း သူ့ကို ကောင်းကောင်းရိုက်ခဲ့တယ်လေ" ဟု လီယောင်က ပြောခဲ့သည်။
ဟမ်...
ဝမ်အာသည် မယုံကြည်နိုင်စွာဖြင့် မောကြည့်ခဲ့သည်။
ဦးလေးငယ်သည် ရာထူးဝင်စာမေးပွဲကို အောင်ရန် မျှော်လင့်ထားခဲ့သည်။ အမေသည်လည်း ၎င်းအား တချိန်လုံး ချီးမွမ်းလေ့ရှိသည်။ ဦးလေးငယ်အကြောင်း အနည်းငယ်မျှ ညည်းညူမိသော် သူ့ကို နေ့တဝက်ခန့်မျှ ဆူလေ့ရှိသည်။
ယခုတွင်မူ ဦးလေးငယ်ကို ရိုက်ခဲ့သည့်တိုင်အောင် သူဘာမှ အမှားမလုပ်မိဟု အမေ ဘယ်လိုများ ပြောနိုင်ခဲ့သနည်း။
"ဝမ်အာ၊ အမေ ဒါကို ဒီတစ်ကြိမ်ပဲ ပြောမှာ၊ ကောင်းကောင်းမှတ်ထား" ဟု လီယောင်ကဆိုကာ "ဘယ်လို အဆင့်အတန်းရှိကြပါစေ၊ လူတွေက ညီမျှကြတယ်။ မင်း ကောင်းကောင်းမွန်မွန်လုပ်ပြီး တည့်တည့်မတ်မတ်ထိုင်သရွေ့ တခြားသူတွေကို ခေါင်းငုံစရာမလိုဘူး။ အဆင်မပြေမှုတွေ ကြုံလာရင်၊ မင်းမှာ အရှုံးမပေးတဲ့ စိတ်ရှိရမယ်။ ဖိနှပ်ခံရရင် မင်း ခုခံနိုင်ရမယ်။ မင်း အနာဂါတ်မှာ အမှုထမ်းဖြစ်လာရင် ဆိုးယုတ်တာတွေ၊ မြှောက်ပင့်တာတွေ၊ အသရေပျက်အောင် လုပ်တာတွေကိုလည်းပဲ မလုပ်ဖို့ သတိရရမယ်။ အများပြည်သူနဲ့ တိုင်းပြည်ကို စိတ်မှာ နှလုံးသားများ ယုံကြည်လက်ခံပြီး ထားရမယ်။ သိက္ခာတဲ့ လူတစ်ယောက် ဖြစ်ပါစေ။ ကိစ္စရပ်တွေကို တရားနည်းလမ်းကျကျ ကိုင်တွယ်ပါ။"
ဝမ်အာတစ်ယောက် ကြက်သေ သေသွားခဲ့သည်။
အမေ ဘယ်အချိန်ကများ ဒီလောက် နှံ့နှံ့စပ်စပ် သိလာခဲ့တာပါလိမ့်။
ဒါ တကယ်ကော ငါ့အမေ ဟုတ်ပါရဲ့လား။
သို့သော်လည်း အမေ့၏စကားများသည် အလွန်ပင် အကျိုးအကြောင်းသင့်လျှော်ကာ အဓိပ္ပါယ်အပြည့်ရှိသည့်အတွက် သူသည် လက်သီးကိုသာ ခပ်တင်းတင်း ဆုပ်ထားခဲ့လေတော့သည်။
YOU ARE READING
ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ၏ အတိတ်ဆီသို့ အလည်တစ်ခေါက်
Historical Fictionအပိုင်း 233 ရှိပြီး အပ်ဒိတ် တစ်ပတ် 2 ပိုင်း။