Ch-8

355 50 1
                                    

အခန်း (၈) အထက်တန်းလွှာတွေကို သိက္ခာကျစေတယ်

ပိုင်ချွမ်းတက္ကသိုလ်သည် ပိုင်ချွမ်းကောင်တီမှ တရားဝင် တည်ထောင်ထားသော ခရိုင်တက္ကသိုလ်‌ ဖြစ်ပြီး ပိုင်ချွမ်ခရိုင်၏ အကောင်းဆုံး တက္ကသိုလ်လည်း ဖြစ်သည်။

ချမ်းသာသော မိသားစုများ လူများဖြစ်စေ၊ ပညာသင်ရန် အထုံပါရမီရှိသည့်အတွက် တမိသားစုလုံး အနစ်နာခံကာ ထောက်ပံ့ပေးခဲ့သော လီယောင်၏မောင်ငယ်ဖြစ်သူ လီရှန်းကဲ့သို့ ဖြစ်စေ ဤနေရာသို့ ပညာသင်ကြားရန် လာရောက်ခဲ့ကြသည်။

ကျောင်းသားထက်ဝက်ခန့်က အဝေးရှိ ရွာများမှ လာရောက်ခဲ့ကြသည့်အတွက် သူတို့အားလုံးသည် တက္ကသိုလ်အတွင်း၌ပင် နေထိုင်ခဲ့ကြသည်။ အစားအသောက်များကို မိသားစုက ပို့၍သော်လည်းကောင်း သို့မဟုတ်ပါက သူတို့သည် မြို့ထဲမှ ဝယ်ယူစားသောက်ရန်အတွက် ငွေသုံးရသည်။

အတိုချုပ်အားဖြင့် ပြောရသော် ဤနေရာသို့ စေလွှတ်ခံရသူများသည် မိသားစု၏ အထူးအခွင့်ရေးခံများ ဖြစ်ကြပြီး မုန့်ဖိုးငွေများ ရှိကြသည်။

အတန်းများ ပြီးသွားသည်နှင့် တပြိုင်နက် သူတို့သည် ဆိုင်ခန်းငယ်ကို ခင်းကျင်းခဲ့ပြီး ဖြစ်သည်။

သန့်ရှင်းခံ့ညားသော ကျောင်းသား နှစ်ယောက်၊ သုံးယောက် ထွက်လာသည်ကို မြင်သောအခါ တာ့ကျွမ်းနှင့် စန်းအာတို့သည် ချက်ချင်းဆိုသလို အားသွန်ခွန်စိုက်ဖြင့် စအော်ခဲ့တော့သည်။

သူတို့ အသားစွပ်ပြုတ်ရောင်းသည်ဟု ကြားသောအခါ ကျောင်းသားများသည် ချက်ချင်းဆိုသလို သိချင်လာခဲ့ကြသည်။ သူတို့ကိုယ်သူတို့ အသိပညာ ဗဟုသုတ ကြွယ်၀သည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း အနံ့များ မွှေးကြိုင်နေသည့် အသားစွပ်ပြုတ်ကိုမူ တခါမျှ မကြားဖူးခဲ့ကြပေ။

အများစုက လာရောက်ကြည့်ရှုကြပြီး ပမာဏများပြီး စျေးသက်သာသည့်အတွက် သူတို့ထဲမှာ တော်တော်များများသည် စားကြည့်ရန် ထိုင်ခဲ့ကြသည်။

"အိုး.. ဒီအသားစွပ်ပြုတ်ရဲ့ အရသာကတော်တော်ထူးခြားတာပဲ။ ပါးစပ်ထဲမှာ စွဲနေတာပဲ။"

ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ၏ အတိတ်ဆီသို့ အလည်တစ်ခေါက်Where stories live. Discover now