INTO THE UNKNOWN (5)

91 12 20
                                    

INTO THE UNKNOWN (5)

မနက်၅နာရီ ညက ဖွင့်ထားတဲ့ တီဗွီမှာ ဒေါက်တာရဲ့အသံတည်တည်ကြည်ကြည်လေးအစား ကာတွန်းကားတစ်ခုလာနေတယ်။Haechanဟာ ဆိုဖာပေါ်မှာ အိပ်ပျော်သွားခဲ့တာပဲ။ဖျော်သောက်ထားတဲ့ကော်ဖီခွက်တောင် ခြောက်နေပြီ။ဆိုဖာပေါ်ကနေထပြီး နားညီးတာမို့ တီဗွီကို အရင်ထပိတ်လိုက်တယ်။ကော်ဖီခွက်ကို ရေခနစိမ်ပြီး ဖုန်းဖွင့်ကြည့်တော့ နိုတီတစ်ခုဝင်နေတယ်။
သခင်လေး"Ren"ဆီက...

သူဆွဲထားတဲ့ လိပ်ပြာပန်းချီကိုပို့ထားခြင်း အချိန်ကတော့ လွန်ခဲ့တဲ့မိနစ်၂၀က ဖြစ်တယ်။မနက်အစောကြီးနိုးတတ်တဲ့အကျင့်ရှိသူထင်ပါတယ်။

-ကျွန်တော်အခုမှနိုးလို့ပါ-

ကော်ဖီခွက်ဆေးအပြီးမှာပဲ တစ်ဖက်က စာပြန်လာတယ်။

-ငါလဲ အစောကြီးနိုးနေတာနဲ့ yayaနဲ့ထွက်ဆော့နေတာ မနက်စာတော့မစားရသေးဘူး ><-

-ကျွန်တော်လဲ အခုမှမနက်စာစားမလို့ ခေါက်ဆွဲထုတ်ပဲရှိတယ်-

-မနေ့ညကတည်းက ခေါက်ဆွဲစားချင်နေတာ-

Haechan က မီးဖိုချောင်စားပွဲကို တဒေါက်ဒေါက်ခေါက်ရင်း အောက်နှုတ်ခမ်းကိုကိုက်လို့ ဘာပြန်ရေးရင် ကောင်းမလဲစဉ်းစားတယ်။ဒါဟာ ဇာတ်လမ်းတွေထဲမှာဆို ရေလာမြောင်းပေးတဲ့အဆင့်မို့ သူ့အနေနဲ့ မှားပြောမိမှာ စိုးရိမ်တယ်။

-Ren စားဖို့ ကျွန်တော်ပြုတ်ပေးခဲ့ရမလား-

-အာ မင်းအလုပ်ရှုပ်နေမှာပေါ့ ငါလာခဲ့လိုက်မယ် လမ်းနံပါတ်ပို့လိုက်-

Haechan ဟာ မြေပုံမှာ location ထောက်လို့ ပို့ပြီးတာနဲ့ သူ့ရဲ့ရှုပ်ပွနေမှုတွေကိုရှင်းရတယ်။ညက အမျိုးသမီးတစ်ယောက်ရဲ့ အရိပ်အရောင်တွေမကျန်အောင် အကုန်ပြောင်ရှင်းနေအောင် အပြေးအလွှား ရှင်းလင်းရတယ်။မှန်ကိုရုတ်တရက်ကြည့်မိရင် သူ့ဆံပင်တွေဟာ ကောက်ကွေးပြီး လိပ်တက်နေတယ်။အုံ့ပွပွနဲ့ ခွေးစုတ်ဖွားလိုပဲ။တီရှပ်အနက်နဲ့ မီးခိုးရောင်အစင်းဘောင်းဘီဝတ်ထားတာကို လဲရမလား မလဲရမလား စဉ်းစားနေတုန်း အိမ်တံခါးက အသံမြည်လာခဲ့တယ်။အင်းလေ ဘယ်လောက်မှမဝေးတဲ့ အကွာအဝေးပဲလေ။

INTO THE UNKNOWN Where stories live. Discover now