INTO THE UNKNOWN (6)
ဝိုင်တစ်ခွက် သွေးတစ်စက်..
စားပွဲပေါ်က ဝိုင်ခွက်ဘေးမှာ သွေးအိုင်တွေထဲ အိပ်ပျော်နေတဲ့ ရုပ်တစ်ခု
တုန်လှုပ်ချောက်ခြားနေတဲ့နာမ်တစ်ခုHaechan ဟာ သေနတ်ကိုသိမ်းလို့ သက်ပြင်းချလိုက်တယ်။အောင်မြင်မှုအတွက်လား..။Peterအနေနဲ့ ထမ်းဆောင်ရမယ့်တာဝန်ဟာ ပြီးဆုံးသွားခဲ့ပြီ။Jake သေပြီ။mission complete ဆိုတဲ့ message တစ်ကြောင်းပို့ပြီးနောက် သူတို့ရဲ့ bossဟာ ဘယ်လောက်တောင် ပျော်နေလိုက်မလဲ။
Haechan က လက်မှာဝတ်ထားတဲ့ လက်အိတ်ကိုချွတ်လို့ တံခါးရှိရာဆီလျှောက်သွားလိုက်တယ်။တံခါးတစ်ဖက်မှာ Renရဲ့ အကြည့်စူးစူးတွေကြောင့် Haechan ဟာ အရှုံးသမားဖြစ်သွားရပြန်တယ်။
Haechan ပါးပေါ် ကျရောက်လာတဲ့ လက်သီးတစ်ချက်။အင်္ကျီစကို ဆွဲစုတ်ပြီး ငိုကြွေးနေတဲ့ Ren..
"ဘာလို့လဲ ဘာလို့လဲ Peter ဘာလို့လဲ"
စကားတစ်ခွန်းကိုပဲ ထပ်ခါထပ်ခါပြောလို့ Haechan ရင်ဘတ်ကိုလက်သီးနဲ့ထုကာ ငိုကြွေးနေတယ်။
"တောင်းပန်ပါတယ် ဒါကျွန်တော့် missionမို့ပါ"
ခနကြာတုံ့ပြန်မှုမရှိပြီးတဲ့နောက် Renက သူ့ပါးပေါ်က မျက်ရည်တွေကို လက်ဖဝါးနဲ့အကြမ်းပတမ်းပွတ်သပ်လို့ Haechan ကို တစ်ဖန်ပြန်ကြည့်လာတယ်။
"မင်းက အဆင့်မရှိတဲ့လူပဲ လူတစ်ယောက်မူးနေတဲ့အချိန် အခွင့်ကောင်းယူပြီးအနိုင်ယူခဲ့တာပဲ အဲ့တာက မင်းကိုပျော်စေလား ဟမ် ငါ့ကိုဖြေ မင်းက အဲ့ထက်ပိုပြီး အဆင့်မရှိတဲ့သူလား "
"..."
Haechan မှာ ငြင်းစရာမရှိ။သူတကယ် သတ္တိကြောင်ခဲ့မိတယ်။နောက်ကွယ်ကနေ သတ်ဖို့ခနခနကြိုးစားခဲ့ပေမယ့် သူ့ရဲ့ကျရှုံးမှုတွေကြောင့် သူဟာ သတ္တိကြောင်ခဲ့မိတယ်။
"Jenoက မင်းအပေါ်ဘာအမှား လုပ်မိခဲ့လို့လဲ အဲ့ကလေးမှာ ဘာအပြစ်များရှိလို့လဲ"
Renဟာ မလှုပ်မယှက်ရှိနေတဲ့ Jenoကို လှမ်းကြည့်လို့ ကြေကွဲဖို့ကောင်းအောင် မျက်ရည်တွေဟာ တစ်စက်ပြီးတစ်စက်ကျဆင်းလာတယ်။