Epilogue (4)
Renjun အသက် ၁၅နှစ် ။ လူပျိုဖြစ်ကာစ Renjun မှာ ရင်ခုန်သံတွေဆိုတာ အသက်ဝင်လာခဲ့တယ်။ခြံထဲက ပန်းလေးတွေပွင့်နေရင် ကျောင်းက မိန်းကလေးတစ်ယောက်ကို ပေးချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်ခဲ့ရတဲ့ အချိန်ကာလပေါ့။မိုးတွေသည်းကြီးမည်းကြီး ရွာနေတဲ့ကြားမှာ မပြိုင်အဆိုင်ပွင့်နေတဲ့ ခြံထဲက ပန်းတွေကိုကြည့်ပြီး အတွေးတွေဟာ တိုက်ခတ်နေတဲ့လေနဲ့အတူ ဟိုလွင့် ဒီလွင့်။
"ကောကော ဘာတွေဒီလောက်စိတ်ကူးယဉ်နေရတာလဲ"
ဝရံတာဘက်မှာ မေးထောက်လို့ အတွေးကျွံနေတဲ့ Renjun ဆီရောက်လာတဲ့ အသံပိုင်ရှင်ဟာ Lee Jeno ပင်။ညနေ၅နာရီ မှောင်ရီပျိုးစမှ စတင်ရွာလာတဲ့မိုးဟာ Renjun အတွက် အလွမ်းအဆွေးဓာတ်တွေယူဆောင်လာသလားအောက်မေ့ရတယ် လွမ်းစရာလူမရှိပါဘဲ တစ်စုံတစ်ယောက်ကို လွမ်းဆွတ်မိနေတာလေ။
"ကောကော မနေ့ညက ကျွန်တော်နဲ့အတူ avengers ကြည့်ဖို့လုပ်ထားတာ ဘာလို့ အစောကြီးပြန်သွားတာလဲ"
Lee Jeno ဟာ အခုထိကလေးလေးပါပဲ။အသက်က ရွယ်တူ လပိုင်းလောက်ပဲ မဆိုစလောက်လေး အသက်ကြီးတဲ့Renjunမှာတော့ လူကြီးဆန်ဆန်ချစ်တတ် လွမ်းတတ်ချိန်မှာ ဒီကလေးကတော့ ဇာတ်ကားအကြောင်းနဲ့ဂိမ်းအကြောင်းပဲ ခေါင်းထဲရှိနေလို့ တော်ပါသေးတယ် ပြောရမလား။
"Jenoလေး ဟိုက နှင်းဆီအနီတွေတောင် ပွင့်နေပြီနော် ကြည့်လိုက် လှတယ်မို့လား"
Renjun က လက်ညှိုးထိုးပြတော့ Jenoက ခေါင်းလေးစောင်းပြီး ဟိုးအဝေးက ပြောင်းရွေ့ထားတဲ့ခြံထဲမှာပွင့်နေတဲ့ နှင်းဆီပန်းတွေကို လှမ်းကြည့်ရှာတယ်။Lee Jenoက အလည်လေးပါ နှင်းဆီပန်းကိုကြည့်သလိုလိုနဲ့ Renjunပုခုံးပေါ် သူ့ရဲ့ခေါင်းလုံးလုံးလေးကို လာတင်ရှာတယ်။Renjunလဲ ပုခုံးပေါ်မှီထားတဲ့ Jenoခေါင်းပေါ် ခေါင်းလေးစောင်းပြီး ပြန်မှီလိုက်တယ်။
"ကော လိုချင်လို့လား ကျွန်တော်ခူးပေးမယ်"
"လိုတော့လိုချင်ပါတယ် ဒါပေမယ့်ငါ့အတွက်မဟုတ်ဘူး တစ်ခြားသူကိုပေးချင်လို့"
"ဘယ်လိုပဲနေနေ ကော လိုချင်တယ်မို့လား ကျွန်တော်ခူးပေးမှာပေါ့"