Epilogue (2)
မပွင့်နိုင်တဲ့ မျက်လုံးကို အတင်းအကျပ်ရုန်းကန်ဖွင့်ရာမှ ပထမဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းဟာ မျက်နှာကျက်ဖြူဖြူတစ်ခုသာ။ကိုက်ခဲနေတဲ့နထင်ကို လက်နဲ့ဖိရာမှာ လက်မှာ ထိုးသွင်းထားတဲ့ ဆေးထိုးအပ်တွေကို တွေ့လိုက်ရတယ်။ဘာကြောင့်ဒီနေရာမှာ ဘယ်လောက်ကြာကြာရောက်နေပြီမှန်းသူမစဉ်းစားတတ်တော့ဘူး။
"အာ မင်းနိုးလာပြီလား Haechan"
အသံဩဩတစ်ခုလာရာကို လှည့်ကြည့်ရာ ခန္ဓာကိုယ်ထွားထွားနဲ့ အမျိုးသားတစ်ယောက်က တီဗွီရီမုဒ်နဲ့ ရုပ်သံလိုင်းတွေ တစ်ခုပြီး တစ်ခုပြောင်းနေတယ်။
"ကျွန်တော် ဘယ်ရောက်နေတာလဲ ခင်ဗျားက ဘယ်သူလဲ"
Haechan က မှန်ပြတင်းပေါက်ကကိုယ့်ပုံရိပ်ကိုမြင်လို့သိလိုက်တယ်။သူ့မှာ ငယ်ရွယ်တဲ့မျက်နှာလေးရှိနေတယ် ဆေးရုံဝတ်စုံကနေ ကြီးနေတာမို့ သူ့ခန္ဓာကိုယ်ဟာ အရွယ်ရောက်ပြီးသား လူမဟုတ်ဘူး။
"၁၆နှစ်သားက ခက်ထန်လှချည်းလား မထူးဆန်းပါဘူး မင်းက အဖေတူသားပဲ"
"အဖေ?"
ခန္ဓာကိုယ်တောင့်တောင့်နဲ့လူက တီဗွီလိုင်းတစ်ခုကို အတည်တကျဖွင့်ပြီး နားထောင်နေတယ်။လွန်ခဲ့တဲ့တစ်ပတ်က မီးလောင်မှုအကြောင်းကို တငိဆက်နေတဲ့ သတင်းအစီအစဉ်တစ်ခုပဲ။မီးလောင်မှုမှာ ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေအကြောင်း အသေးစိတ် ဓာတ်ပုံတွေနဲ့တကွ တင်ဆက်နေတယ်။
အမှတ်မထင်... လူတစ်ယောက် ကောင်လေးတစ်ယောက် လခြမ်းပုံသဏ္ဍာန် မျက်ဝန်းတွေနဲ့ ပြုံးရယ်နေတဲ့ ကလေးတစ်ယောက်..
Huang Renjun လို့ နာမည်ထိုးထားပေမယ့် Haechan မျက်ဝန်းတွေဝါးလာတယ်။Haechanဟာ မျက်ရည်တွေဝေ့လို့ မျက်ရည်တွေကျလာခဲ့တယ်။"သတိရလာပြီဆိုတော့ မနက်ဖြန် မင်း လန်ဒန်ကို သွားရမယ် ဒါက မင်းသိထားသင့်တဲ့အကြောင်းအရာ"
ထိုလူက Haechan အရှေ့ အနက်ရောင် ဖိုင်တွဲတစ်ခုပစ်ပေးပြီး အခန်းထဲက ထွက်သွားတယ်။တီဗွီကို တစ်ဖန်ပြန်ကြည့်တော့ ဆက်တိုက်ဆိုသလို ကောင်လေးနှစ်ယောက်ရဲ့ပုံက ပေါ်လာခဲ့ပြန်တယ်။